ဝုဖ်ဘတ်နှင့်တွေ့ဆုံရမည့်ပွဲတွင် ခက်ခဲနိုင်သော်လည်း နိုင်ပွဲရနိုင်သည်ဟု ဗန်ဟားလ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပီအက်ဗီနှင့်သရေကျပြီးနောက် ဗန်ဟားလ်ကိုတွေ့ရစဉ်

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ပီအက်စ်ဗီနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သော မန်ယူမှာ ရှုံးထွက်အဆင့်တက်ရောက်နိုင်ရန် ၀ုဖ်ဘတ်ကို ခက်ခက်ခဲခဲကစားရမည်ဖြစ်သော်လည်း နိုင်ပွဲရနိုင်သည်ဟု ယုံကြည်ကြောင်း နည်းပြဗန်ဟားလ်က ပြောကြားခဲ့သည်။

မန်ယူအသင်းမှာ ချန်ပီယံလိဂ် အုပ်စု (ခ) အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ရပ်တည်နေသော်လည်း တတိယနေရာမှ ပီအက်စ်ဗီနှင့် ၁ မှတ်သာကွာဟနေပြီး ထိပ်တိုက်တွေ့ဆုံမှုတွင်လည်း အရေးနိမ့်ထားသောကြောင့် ၀ုဖ်ဘတ်ကို အနိုင်ကစားရန်လိုအပ်နေသည်။

မန်ယူအသင်း၏ ၁၆ သင်းအဆင့် တက်လှမ်းနိုင်မှုနှင့်ပတ်သက်ပြီး နည်းပြဗန်ဟားလ်က ”အရာအားလုံးဖြစ်နိုင်ခြေရှိတယ်။ ကျွန်တော်တို့လည်း အနိုင်ရအောင်လုပ်နိုင်တဲ့အသင်းပါ။ ကျွန်တော်တို့အသင်းက ပရီးမီးယားလိဂ်မှာခြေစွမ်းပြသလို ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပြနိုင်ဖို့ လုပ်ဆောင်မှာပါ။  ၀ုဖ်ဘတ်နဲ့ကစားမယ့်ပွဲမှာလည်း အစွမ်းကုန်ခြေစွမ်းပြနိုင်ဖို့ ကြိုပမ်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!