အနီကတ်ပြစ်ဒဏ်ကြောင့် အစ္စကို ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၂ ပွဲပယ်ပြစ်ဒဏ်ကျခံရမည့် အစ္စကို

ရီးရဲလ်ကွင်းလယ်ကစားသမား အစ္စကိုသည် ဘာစီလိုနာအား အရေးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ပြိုင်ဘက်တိုက်စစ်မှူးနေမာကို ဥပဒေပကြမ်းတမ်းစွာ ကစားခဲ့သည့်အတွက် အနီကတ်ပြခံခဲ့ရခြင်းကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း အသင်းမှအတည်ပြုခဲ့သည်။

ယင်းကဲ့သို့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ကွင်းလယ်ကစားသမားအစ္စကိုသည် အီဘာ၊ ဂီတာဖေးတို့နှင့်ယှဉ်ပြိုင်ရမည့် လာလီဂါပွဲစဉ်များအား လွဲချော်တော့မည်ဖြစ်ကာ အစ္စကို၏ ပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံဝင်မည်မဟုတ်ကြောင်း ရီးရဲလ်က ထုတ်ပြန်ခဲ့သည်။

“ရလဒ်ကောင်းရဖို့အတွက် ပိုမိုအာရုံစိုက်ရမှာဖြစ်သလို ကြုံတွေ့ခဲ့သမျှကိုလည်း သင်ခန်းစာယူရမှာပါ။ ပြိုင်ဘက်ကစားသမားအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာမဟုတ်ပေမယ့် အနီကတ်ပြစ်ဒဏ်ကို လက်ခံပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တိုင်းကြုံတွေ့ရလေ့ရှိတဲ့အခြေအနေကို နားလည်ပေးရမှာပါ”ဟု အစ္စကို ကဆိုသည်။

comments

error: Content is protected !!