မန်ယူအုပ်စုမှလွဲ၍ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်သည့်အသင်းများ ပေါ်ထွက်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နောက်တစ်ဆင့်တက်ရန်အဖြေမထွက်သေးသည့် အုပ်စု (ခ)မှ မန်ယူနှင့် ပီအက်စ်ဗီ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅၊ ဒုတိယနေ့ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အုပ်စု (ခ) မှအပ ကျန်အုပ်စု ၃ ခုတွင် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည့်အသင်းများ အတိအကျ ပေါ်ထွက်လာပြီဖြစ်သည်။

အုပ်စု (က) တွင် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ အုပ်စုပွဲစဉ်များ မပြီးဆုံးမီမှာပင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အုပ်စုဗိုလ်နေရာအတွက် ရီးရဲလ်မက်ဒရစ်က သေချာသွားခဲ့ပြီဖြစ်ကာ ရှက်တာဒိုးနက်နှင့် မယ်လ်မိုတို့မှာ ယူရိုပါလိဂ်ဝင်ခွင့်အတွက်သာ မျှော်လင့်ရတော့မည်ဖြစ်သည်။

အုပ်စု (ခ) တွင် ၀ုဖ်ဘတ်၊ မန်ယူနှင့် ပီအက်စ်ဗီတို့ အပြိုင်ဖြစ်နေပြီး ဂျာမန်ကလပ် ၀ုဖ်ဘတ်က ရုရှားမြေတွင် CSKA မော်စကိုအား ဂိုးပြတ်အနိုင်ရခဲ့သဖြင့် အုပ်စုပထမနေရာသို့ တက်လှမ်းနိုင်ခဲ့ကာ  နာမည်ကြီး မန်ယူမှာ ပီအက်စ်ဗီကို သရေကျခဲ့သည့်အတွက် ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရန် နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။

အုပ်စု (ဂ) တွင် ဘင်ဖီကာနှင့် အက်သလက်တီကိုတို့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပြီး ဂါလာတာစာရေးနှင့် အက်စ်တာနာတို့မှာ ယူရိုပါလိဂ်တွင်ဆက်လက်ယှဉ်ပြိုင်နိုင်ရန် တိုက်ပွဲဝင်ရဦးမည်ဖြစ်သည်။

မရဏအုပ်စုအဖြစ် သတ်မှတ်ခြင်းခံထားရသည့် အုပ်စု (ဃ) တွင် နာမည်ကြီး ဂျူဗင်တပ်စ်နှင့် မန်စီးတီးတို့က ရှုံးထွက်အဆင့်သို့ စောစီးစွာတက်ရောက်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက်မူ ဆီဗီလာနှင့် မိုချင်ဂလက်ဘတ်တို့မှာ နောက်ဆုံးပွဲစဉ်အပြီးအထိ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

comments

error: Content is protected !!