ဂျူဗင်တပ်မှာ မည်သည့်အသင်းကိုမဆို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ဂိုးသမားဘူဖွန် ကြုံးဝါး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အသင်းခြေစွမ်းကို ယုံကြည်မှုရှိနေသည့် ဘူဖွန်

ဂျူဗင်တပ်ဂိုးသမားဘူဖွန်က ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် မန်စီးတီးအသင်းအား အနိုင်ရရှိခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် မိမိတို့အသင်းမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း၊ မည်သည့်အသင်းကို မဆိုစိန်ခေါ်နိုင်စွမ်းရှိကြောင်း ကြုံးဝါးခဲ့သည်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ အပြီးတွင် ရှုံးပွဲမရှိကစားထားနိုင်ခဲ့သည့် ဂျူဗင်တပ်သည် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနှင့်အတူ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

“နိုင်ပွဲတွေနဲ့အတူ အကောင်းဆုံးယုံကြည်ချက်တွေ ပြန်လည်ရရှိခဲ့ပါပြီ။ လက်ရှိခြေစွမ်းအရ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့ကို စိန်ခေါ်နိုင်စွမ်းရှိနေပြီဖြစ်သလို ၁၆ သင်းအဆင့်မှာ ဘယ်အသင်းကိုမဆို ကျော်ဖြတ်ဖို့ အသင့်ဖြစ်နေပါပြီ” ဟု ဘူဖွန်က ကြုံးဝါးခဲ့သည်။

ဂျူဗင်တပ်ဂိုးသမားဘူဖွန်သည် မန်စီးတီးအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ၎င်း၏ ကစားသမားသက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်ပွဲပေါင်း ၁၀၀ ပြည့်မြောက်သည့် ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

comments

error: Content is protected !!