လာမည့်ဇန်န၀ါရီတွင် ကစားသမားသစ်ခေါ်ယူရန်ဆန္ဒရှိသည်ဟု အာစင်ဝင်းဂါးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကစားသမားသစ်ခေါ်ယူလိုနေသည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အိုဇဲလ်ကဲ့သို့သော ထိုက်တန်သည့် ကစားသမားသစ်များခေါ်ယူရန်ဆန္ဒရှိသည်ဟု အတည်ပြုပြောကြားခဲ့သည်။

အာဆင်နယ်ကွင်းလယ်လူအိုဇဲလ်သည် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် ၄၂.၅ သန်းဖြင့်ရောက်ရှိခဲ့ပြီးနောက် ထိုက်တန်သည့်ခြေစွမ်းပြသနိုင်ခဲ့သဖြင့် အာစင်ဝင်းဂါးက အဆိုပါကစားသမားကဲ့သို့ ကစားသမားများခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။

လက်ရှိအာဆင်နယ်အသင်းကစားသမားအများစုမှာ ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသောကြောင့် ကစားသမားသစ်ခေါ်ယူရန် လိုအပ်လျက်ရှိပြီး လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်နှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ” လိုချင်တဲ့ကစားသမားကို ခေါ်ယူဖို့အခွင့်အရေးရှိပါတယ်။ တကယ်လို့ကျွန်တော်ခေါ်ယူတဲ့ကစားသမားက ထိုက်တန်တယ်ဆိုပါတော့။ ဒီလိုကစားသမားကို မကြိုက်တဲ့သူရှိလား။ ကျွန်တော်တို့အသင်းအတွက် ထိုက်တန်တဲ့ကစားသမားဆိုတာ အသင်းအတွက် ထိပ်တန်းခြေစွမ်းပြသနိုင်ဖို့လိုတယ်။ ဗီအဲရာဆိုရင် ပေါင် ၂.၅ သန်းပဲပေးခဲ့ရပေမယ့် ထိပ်တန်းကစားသမားဖြစ်ခဲ့တယ်။ အိုဇဲလ်ကိုလည်း ပေါင်း သန်း ၄၀ ကျော်ပေးခဲ့ရပေမယ့် ထိုက်တန်တယ်လို့ခံစားရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ထိပ်တန်းကစားသမားတစ်ဦးပိုင်ဆိုင်ခဲ့လို့ပဲ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!