၁၆ သင်းအဆင့်တက်ရောက်နိုင်မည်ဟု ၀င်းဂါးယုံကြည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တက်ရောက်မည်ဟု ယုံကြည်နေသည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အိုလံပီယာကော့စ်နှင့်ယှဉ်ပြိုင်မည့်ပွဲတွင် နိုင်ပွဲရယူ၍ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

နည်းပြအာစင်ဝင်းဂါးက ”ကျွန်တော်တို့အတွက် အခွင့်ကောင်းတစ်ခုရရှိခဲ့ပါပြီ။ ကျွန်တော်တို့ဘက်က လုပ်ဆောင်နိုင်ဖို့ပဲလိုပါတယ်။ ကျွန်တော်တို့လည်း ကိုယ့်အလုပ်ကိုလုပ်နိုင်ခဲ့သလို ဘိုင်ယန်မြူးနစ်လည်း သူ့အလုပ်သူ ကောင်းအောင်လုပ်နိုင်ခဲ့ပါတယ်။ အခုကျွန်တော်တို့မှာ အခွင့်အရေးရလာပါပြီ။ အဲဒီအခွင့်အရေးက ဘယ်လောက်အထိ ကြီးမားနိုင်သလဲမသိပေမယ့် အားလုံးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်”ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ယမန်နေ့ညက အိုလံပီယာကော့စ်ကို ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းသည် ၂-၀ သို့မဟုတ် ၃ ဂိုးသွင်းယူနိုင်မည်ဆိုပါက ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းအရ ၁၆ သင်းအဆင့်သို့ရောက်ရှိမည်ဖြစ်သောကြောင့် အာစင်ဝင်းဂါးက အောင်မြင်မှုရရန် ယုံကြည်နေခြင်းဖြစ်သည်။

comments

error: Content is protected !!