ထိပ်သီးအသင်းများ၏ ကမ်းလှမ်းမှုအား လက်ခံရရှိခြင်းမရှိဟု ဗန်ပါစီ ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဗန်ပါစီ

တူရကီကလပ် ဖီနာဘာချီတိုက်စစ်မှူး ဗန်ပါစီက ဥရောပထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာ၊ ချဲလ်ဆီးအသင်းများနှင့် ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့သော်လည်း တရားဝင်ကမ်းလှမ်းမှုများ လက်ခံရရှိခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ မန်ယူအသင်းများနှင့်အတူ အောင်မြင်မှုများရရှိခဲ့သည့် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီသည် လက်ရှိကလပ် ဖီနာဘာချီတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည့်အတွက် အသင်းပြောင်းရွှေ့လိုကြောင်း ထုတ်ဖော်ပြောကြားထားခဲ့သူ ဖြစ်သည်။

“အသက်အရွယ်အရ အကျဘက်ပိုင်းရောက်ပြီလို့ ဝေဖန်နေကြပေမယ့် အသင်းတစ်သင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ အထူးသဖြင့် ဘာစီလိုနာ၊ ချဲလ်ဆီးတို့က တာဝန်ရှိသူတချို့နဲ့ ညှိနှိုင်းဆွေးနွေးခဲ့ဖူးပေမယ့် တရားဝင်ကမ်းလှမ်းမှုတော့မရခဲ့ပါဘူး” ဟု ဗန်ပါစီက ဆိုသည်။

ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက တူရကီကလပ် ဖီနာဘာချီသို့ ပြောင်းရွှေ့ခဲ့သည့် တိုက်စစ်မှူးဗန်ပါစီသည် လက်ရှိအချိန်အထိ ဖီနာဘာချီအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ပွဲထွက်ခွင့်ရရှိထားသည်။

comments

error: Content is protected !!