ပုံမှန်ခြေစွမ်းပြသနိုင်မှသာ ပွဲထွက်ခွင့်ခိုင်မာမည်ဟု ဒီပေးကို ဗန်ဟားလ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပုံမှန်ပွဲထွက်ခွင့်အတွက် ခြေစွမ်းတစ်သမတ်တည်းဖြစ်ရန်လိုအပ်နေသည့် ဒီပေး

မန်ယူနည်းပြဗန်ဟားလ်က ကွင်းလယ်လူဒီပေးမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလိုပါက ခြေစွမ်းမှန်ထိန်းသိမ်းထားနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် မန်ယူဂန္ထ၀င်တိုက်စစ်မှူးနစ္စတယ်ရွိုင်းက ခြေစွမ်းမှန်ပြသနိုင်ရုံဖြင့် ကျောနံပါတ် ၇ ၀တ်ဆင်သည့် မန်ယူကြယ်ပွင့်တစ်ဦးဖြစ်ရန် လွယ်ကူမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဟော်လန်ကွင်းလယ်လူသည် ၀က်ဖို့ဒ်ကိုအနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ တွင် ရွန်နီ၊ မာရှယ်တို့မပါဝင်နိုင်ခဲ့သဖြင့် လင်ဒီဂတ်နှင့်တွဲဖက်၍ တိုက်စစ်နေရာ၌ ကစားခဲ့ရပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့သော်လည်း နည်းပြဗန်ဟားလ်က ပွဲစဉ်တစ်ပွဲတည်း ခြေစွမ်းပြနိုင်ရုံဖြင့် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။

ကွင်းလယ်လူဒီပေးမှာ ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါင် ၂၃ သန်းဖြင့် မန်ယူသို့ ရောက်ရှိခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းရရှိရန်ရုန်းကန်နေရသူဖြစ်သည်။

comments

error: Content is protected !!