ဘာစီလိုနာနှင့် ရှုံးပွဲကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း ရိုးမားဒါရိုက်တာဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘာစီလိုနာကိုဂိုးများပေးလိုက်ရပြီးနောက် စိတ်ပျက်နေသည့် ရိုးမားကစားသမားများ

ရိုးမားအသင်း၏ ဒါရိုက်တာဆာဘာတီနီက လက်ရှိချန်ပီယံအသင်း၏ ခြေစွမ်းအပေါ် ယှဉ်ကစားနိုင်ခဲ့ခြင်းမရှိကြောင်း၊ ဂိုးပြတ်ရှုံးပွဲရလဒ်အတွက် သင်ခန်းစာယူပြီး ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းအား ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ၀န်ခံပြောကြားသွားခဲ့သည်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ တွင် ဘာစီလိုနာအသင်းအား ဂိုးပြတ်အရေးနိမ့်ခဲ့သည့် ရိုးမားအသင်းသည် ရှုံးထွက်အဆင့်သို့တက်ရောက်ခွင့်ရရှိရန်အတွက် ဘိုရီဆော့ဗ်နှင့်ယှဉ်ပြိုင်ရမည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် နိုင်ပွဲရရှိရန် လိုအပ်နေသည်။

“ပြီးခဲ့တဲ့ရာသီက ဖြစ်ရပ်မျိုးနဲ့ ထပ်ကြုံရပြန်ပါပြီ။ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရဖို့အတွက် ရိုးမားအနေနဲ့ ကိုယ်တိုင်ရွေးချယ်ရတော့မှာပါ။ ဂိုးပြတ်ရှုံးပွဲအတွက် တခြားလူကို ပြစ်တင်နေမယ့်အစား အကောင်းဆုံးသင်ခန်းစာယူဖို့ပဲ လိုအပ်ပါတယ်”ဟု ဆာဘာတီနီက မှတ်ချက်ပြုခဲ့သည်။

ရိုးမားအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဂျာမနီထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ခဲ့ရာတွင်လည်း ယခုကဲ့သို့ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းကြောင့် သင်ခန်းစာယူသင့်နေပြီဖြစ်ကြောင်း အသင်းဒါရိုက်တာ ဆာဘာတီနီက ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!