လီဗာပူးကိုအရေးနိမ့်ပြီးနောက် ဂျူဗင်တပ်နှင့်ပွဲတွင် ခြေစွမ်းမှန်ပြန်ရမည်ဟု ပယ်လီဂရီနီ ယုံကြည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ပယ်လီဂရီနီ

မန်စီးတီးနည်းပြပယ်လီဂရီနီက ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ တွင် အိမ်ကွင်း၌ လီဗာပူးကို အရှက်ရဖွယ်အရေးနိမ့်ခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းဖြင့် ဂျူဗင်တပ်ကိုရင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နည်းပြပယ်လီဂရီနီက ”လီဗာပူးနဲ့ပွဲက ခြေစွမ်းမှန်ပျောက်ဆုံးခဲ့တဲ့အချိန်ပါ။ အနာဂတ်ကို ကြိုတွေးထားဖို့က အရေးကြီးပါတယ်။ လာမယ့်ပွဲကို ရင်ဆိုင်ဖို့ ပိုပြီးအာရုံစိုက်ထားရမှာပါ။ အခုပြိုင်ပွဲက မတူညီတဲ့ပြိုင်ပွဲဖြစ်သလို ယှဉ်ပြိုင်ရမယ့်ပုံစံကလည်း ကွဲပြားပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ပုံမှန်ခြေစွမ်းပြရဖို့ပါ။ လူတိုင်းက ချန်ပီယံလိဂ်ခြေစွမ်းကို ဝေဖန်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရှုံးထွက်အဆင့်ကို တတိယအကြိမ်ရောက်ခဲ့ပါပြီ” ဟု ပြောကြားခဲ့သည်။

မန်စီးတီးသည် ချန်ပီယံလိဂ်အုပ်စု (ဃ) အမှတ်ပေးဇယားတွင် ရမှတ် ၉ မှတ်ဖြင့် ထိပ်ဆုံး၌ရပ်တည်ကာ ၁၆ သင်းအဆင့်သို့ တက်ရောက်ရန် သေချာသွားခဲ့ပြီး အုပ်စုပထမနေရာအတွက်သာ ဂျူဗင်တပ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

comments

error: Content is protected !!