ချန်ပီယံလိဂ်ပွဲ ၅၀ အနိုင်ရသည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မူလာစံချိန်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်ပွဲ ၅၀ အနိုင်ရသော အသက်အငယ်ဆုံးကစားသမားစံချိန်ရှင် မူလာ

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူမူလာသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော အိုလံပီယာကော့စ်နှင့်ပွဲတွင် ပါဝင်ခဲ့ပြီးနောက် နိုင်ပွဲရရှိခဲ့သဖြင့် ချန်ပီယံလိဂ်ပွဲ ၅၀ အနိုင်ရသည့် အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့သည်။

မူလစံချိန်ရှင် ရီးရဲလ်တိုက်စစ်မှူးဟောင်းရာအူးလ်သည် အသက်၂၆ နှစ် ၂၅၇ ရက်တွင် ပွဲ ၅၀ နိုင်ပွဲရသည့်စာရင်း၌ ထိပ်ဆုံးနေရာတွင်ရပ်တည်နေပြီး မက်ဆီမှာ ၂၇ နှစ် ၁၃၄ ရက်၊ ကာဆီးလက်စ်မှာ ၂၇ နှစ် ၁၈၉ ရက်နှင့် ရော်နယ်ဒိုမှာ ၂၈ နှစ် ၂၈ ရက် ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

သို့သော် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူမူလာမှာ အိုလံပီယာကော့စ်နှင့်ပွဲတွင် ပါဝင်ကစားပြီးနောက် နိုင်ပွဲရခဲ့သဖြင့် အသက် ၂၆ နှစ် ၇၂ ရက်ဖြင့် ပွဲ ၅၀ နိုင်ပွဲရသည့်စာရင်း၌ လက်ရှိစံချိန်ရှင်များဖြစ်သော မက်ဆီ၊ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်၍ စံချိန်ချိုးနိုင်ခဲ့သည်။

comments

error: Content is protected !!