ကမ္ဘာ့အကောင်းဆုံးကစားသမားဆန်ကာတင် ၃ ဦးစာရင်းတွင် ဘာစီလိုနာကစားသမားများသာ ပါဝင်ရန် မက်ဆီမျှော်လင့်
|
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လက်စ်ပါးမက်နှင့်လာလီဂါပွဲစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာမှပြန်လည်သက်သာရန် ရုန်းကန်ခဲ့ရကြောင်းနှင့် မကြာမီကြေညာမည့် ကမ္ဘာ့အကောင်းဆုံးကစားသမား ဆန်ကာတင် ၃ ဦးစာရင်းတွင် ဘာစီလိုနာကစားသမားများသာ ပါဝင်ခွင့်ရရန် မျှော်လင့်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အဆိုပါဒူးဒဏ်ရာကြောင့် ၂ လကြာအနားယူခဲ့ရသည့် မက်ဆီသည် ရီးရဲလ်အား အနိုင်ရရှိခဲ့သည့် အယ်ကလက်စီပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့သည်။
“ဒဏ်ရာရရှိနေတဲ့အချိန်မှာ ပြန်ကစားနိုင်ဖို့ ယုံကြည်ချက်ရှိအောင် ခက်ခက်ခဲခဲပြင်ဆင်ခဲ့ရပါတယ်။ အသင်းနဲ့အတူ အကောင်းဆုံးပြန်ပေါင်းစပ်နိုင်ခဲ့တဲ့အတွက် အားရမိပါတယ်။ အကောင်းဆုံးခြေစွမ်းရှိခဲ့လို့ ကျေနပ်မိသလို ကမ္ဘာ့အကောင်းဆုံးဆန်ကာတင် ၃ ဦးက ဘာစီလိုနာကစားသမားတွေပဲ ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်” ဟု မက်ဆီက ဆိုသည်။
လက်ရှိထုတ်ပြန်ထားသည့် ကမ္ဘာ့အကောင်းဆုံး ပဏာမကစားသမား ၂၃ ဦးစာရင်းတွင် ဘာစီလိုနာမှရာကီတစ်၊ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ မာရှေယာနို၊ အင်နီယေစတာတို့ ပါဝင်လျက်ရှိနေပြီး ဆန်ကာတင်ကစားသမား ၃ ဦးစာရင်းကို နိုဝင်ဘာ ၃၀ရက်နေ့ ထုတ်ပြန်မည်ဖြစ်သည်။
Next : ဒိုင်နမိုကိဗ်အသင်း အိမ်ကွင်းပိတ်ကစားရန် ပြစ်ဒဏ်ချမှတ်ခံရ