ဘရာဇီး ဂိုးသမား ဖာနန်​ဒို ကို ရန်​ကုန်​အသင်း ပြန်​လည်​​ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
yufc
ဖာနန်ဒိုအား ရန်ကုန်ယူနိုက်တက်နှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုပြီးနောက် အသင်းဥက္ကဋ္ဌဦးပြည့်ဖြိုးတေဇနှင့်အတူတွေ့ရစဉ်။

နိုဝင်​ဘာ ၂၅။
အောင်သော်ဖြိုး။

ရန်​ကုန်​ယူနိုက်​တက်​အသင်း က ​ပြီးခဲ့သည့်​ မြန်​မာ​နေရှင်​နယ်​လ်​ဂ်​တွင်​ ​ခေါ်ယူထားသည့်​ ဘရာဇီး ဂိုးသမား ဖာနန်​ဒို ကို တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။

ရန်​ကုန်​အသင်းသည်​ AFC ​​ပြိုင်​ပွဲ ၀င်ရောက်​​ရန်​ ရှိ​​နေသည့်အတွက်​ နိုင်​ငံခြားသား ဂိုးသမားကို ပြန်​လည်​​ခေါ်ယူခဲ့ခြင်းဖြစ်​​သော်​လည်း ​​လေ့ကျင့်​​ရေးအစီအစဉ်​တွင်​ ပိုမို လက်​စွမ်းပြသည့် ဂိုးသမားကို ပွဲထွက်​​နေရာ ​ပေးသွားမည်​ဟု နည်းပြအီမာဆင် ကဆိုသည်​။

ရန်​ကုန်​ယူနိုက်​တက်​ အသင်းသည်​ ​​ပြီးခဲ့သည့်​ ​နေရှင်​နယ်​လိဂ်​တွင်​ ​ပါဝင်​ခဲ့သည့်​ ​​ဆီဇာ၊ အီမာဆင်​၊ ကာ​နေကိုး၊ ဖာနန်​ဒိုတို့ အနက်​ ဂိုးသမာဖာနန်​ဒို တစ်​ဦးကိုသာ ပြန်​လည်​​ခေါ်ယူခဲ့ခြင်းဖြစ်​သည်​။

အသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်တွင် ကစားရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ နိုင်ငံတကာပြိုင်ပွဲ ကစားရမည်ဖြစ်၍ မိမိအတွက်အခွင့်ရေးကောင်းရှိလာမည်ဖြစ်ကြောင်း ဖာနန်ဒို၏ပြောကြားချက်ကို ရန်ကုန်ယူနိုက်တက်အသင်းဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ရန်​ကုန်​အသင်း ၂၀၁၆ ​ဘောလုံးရာသီ အတွက်​ ​ခေါ်ယူထားသည့်​ ဘရာဇီးတိုက်​စစ်​မှုး ​အက်​ဒီဆန်​ ​​ဒေါ့ဆန်းတိုစ်​ သည်​ ပထမဆုံးပွဲထွက်​သည့်​ လာအိုတိုယိုတာ အသင်းနှင့်ပွဲစဉ်​တွင်​ သွင်းဂိုး ၂ဂိုး သွင်းယူခဲ့ပြီး ဂါနာ ​နောက်​ခံလူ အက်​ဒူ ဒန်​နီရယ်​ သည်​ အဆိုပါပွဲစဉ်​တွင်​ ​လူစားဝင်​ကစားခဲ့သည်​။

comments

error: Content is protected !!