ချန်ပီယံလိဂ်တစ်သက်တာ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် လာလီဂါကစားသမားအများစုပါဝင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်တစ်သက်တာအကောင်းဆုံးကစားသမားစာရင်းတွင် ပါဝင်လာသည့် မက်ဆီနှင့် အင်နီယေစတာ

ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်သက်တာအကောင်းဆုံးကစားသမား ၁၁ ဦး စာရင်းထုတ်ပြန်ခဲ့ရာတွင် လာလီဂါမှ ကစားသမား ၆ ဦးအထိ အများဆုံးပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှ ၃ဦးရွေးချယ်ခံခဲ့ရကာ စီးရီးအေနှင့်ဘွန်ဒက်စ်လီဂါတို့မှာ ၁ ဦးစီရွေးချယ်ခံခဲ့ရသည်။

လာလီဂါကိုယ်စားပြုကစားသမား ၆ ဦးတွင် ဘာစီလိုနာကစားသမားများဖြစ်သည့် မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပူယိုးလ်တို့ ပါဝင်ခဲ့ပြီး ရီးရဲလ်အသင်းမှ ရာမို့စ်နှင့် ကာဆီးလက်စ်တို့ ပါဝင်ခဲ့ကာ ပရီးမီးယားကစားသမား ၃ ဦးတွင် အာဆင်နယ်ကစားသမားဟောင်း အွန်နရီ၊ မန်ယူတိုက်စစ်မှူးဟောင်း ရော်နယ်ဒို၊ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်တို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

စီးရီးအေကိုယ်စားမှ အေစီမီလန်နောက်ခံလူဟောင်း နက်စတာနှင့် ဘွန်ဒက်စ်လီဂါကိုယ်စားပြုအဖြစ် ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖိလစ်လမ်းတို့ ရွေးချယ်ခံခဲ့ရပြီး ထိုကစားသမားများကို ချန်ပီယံလိဂ်ဖလားရရှိခဲ့ဖူးသည့် ကစားသမားများထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အတူ တစ်သက်တာအကောင်းဆုံးကစားသမား ၁၁ ဦးအပြင် အရန်ကစားသမားများအဖြစ် ဘောလုံးလောကမှ အနားယူခဲ့ပြီဖြစ်သည့် ပေဗယ်နက်ဗက်၊ ဇီဒန်းတို့ရွေးချယ်ခံခဲ့ရပြီး ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီ၊ ဂိုးသမားဘူဖွန်၊ အီဗရာဟီမိုဗစ်၊ ကာကာနှင့် ရော်နယ်ဒင်ဟို တို့ ရွေးချယ်ခံခဲ့ရသည်။

comments

error: Content is protected !!