ဧရာဝတီအသင်း နိုင်ငံခြားသား ကစားသမား ၆ဦးခေါ်ယူ စမ်းသပ်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebay
ဇေယျာရွှေမြေနှင့်သရေကျခဲ့သည့်ပွဲစဉ်တွင် ပွဲထွက်ခဲ့သည့် ဧရာဝတီအသင်းကစားသမားများအားတွေ့ရစဉ်။

နိုဝင်ဘာ ၂၅။
အောင်သော်ဖြိုး။

ဧရာဝတီအသင်းသည် ၂၀၁၆ နေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် နိုင်ငံခြားသား ကစားသမား ခေါ်ယူစမ်းသပ်ရန် ကစားသမား ၆ဦးကို လာရောက်ခြေစမ်းရန် ဖိတ်ခေါ်ထားကြောင်း ဧရာဝတီအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

လာရောက်ခြေစမ်းမည့် ကစားသမားများသည် နိုဝင်ဘာလ ၂၈ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး ဘရာဇီး နှင့် ဂါနာမှ ကစားသမားများဖြစ်ကာ ရှေ့၊လယ်၊နောက် တစ်နေရာဆီအတွက် နှစ်ဦးဆီခေါ်ယူထားကြောင်းသိရသည်။

ဧရာဝတီအသင်းတွင် ၂၀၁၅ နေရှင်နယ်လိဂ်ပြိုင်ပွဲက ခေါ်ယူထားသည့် ရစ္စတီ၊ လက်ဇာ၊ ဝက်စ်၊ စင်းမ် တို့ကိုပြန်လည် စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ လာမည့်နှစ် ဘောလုံးရာသီအတွက် နိုင်ငံခြားသား ကစားသမားသစ်များကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီအသင်းသည် ၂၀၁၅ ခုနှစ်က တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြ မာဂျန်ကို စာချုပ်သစ် ချုပ်ဆိုမှု မပြုခဲ့ဘဲ လာမည့်နှစ်တွင် ပြည်တွင်းနည်းပြတစ်ဦးဦးကိုသာ ကိုင်တွယ်စေမည် ဖြစ်ကြောင်း သိရသည်။

comments

error: Content is protected !!