ယူအီးအက်ဖ်အေ၏ တားမြစ်ဆေးစည်းမျဉ်းစည်းကမ်းများကို အာစင်ဝင်းဂါးဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် အာဆင်နယ်ကိုအနိုင်ယူခဲ့သော ဒိုင်နမိုဇာဂရက်ကစားသမားအဒမ်မီမှာ တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိရသဖြင့် ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် ယူအီးအက်ဖ်အေ၏ တားမြစ်ဆေးစည်းမျဉ်းစည်းကမ်းများကို ဝေဖန်ပြောကြားခဲ့သည်။

ယူအီးအက်ဖ်အေ၏တားမြစ်ဆေးသုံစည်းမျဉ်းစည်းကမ်းတွင် အသင်းတစ်သင်း၌ ကစားသမား ၂ ဦး သို့မဟုတ် ထို့ထက်ပိုသောကစားသမားရှိမည်ဆိုပါက ပြိုင်ပွဲမှထွက်ခွာရမည် သို့မဟုတ် အခြားပြစ်ဒဏ်ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် ယူအီးအက်ဖ်အေက ၂ ဦး သို့မဟုတ် ထို့ထက်ပိုသည့်ကစားသမားများကို စစ်ဆေးမှုမတိုင်မီ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းကြောင့် ဒိုင်နမိုဇာဂရက်မှာ ပြိုင်ပွဲမှထွက်ခွာရမည်ကို ရှောင်လွှဲနိုင်ခဲ့သည့်အတွက် အံ့အားသင့်စရာဖြစ်သည်ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

ထို့ကြောင့် အာစင်ဝင်းဂါးက ”ကျွန်တော့်အမြင်ကတော့ ဒီစည်းမျဉ်းစည်းကမ်းတွေကို လက်မခံပါဘူး။ သူတို့ဆေးသုံးစွဲထားတဲ့ ကစားသမားတွေရှိတယ်လို့ မပြောနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ အဖြေကထွက်လာတယ်။ ဒီအဓိပ္ပါယ်က အခြေခံသဘောမှာ ဆေးသုံးစွဲတာကို လက်ခံထားသလိုဖြစ်နေတယ်။ ဒါပေမဲ့ အခုဟာက စည်းမျဉ်းစည်းကမ်းဖြစ်နေလို့ ကျွန်တော်တို့ လိုက်နာရမှာပါ” ဟု ဝေဖန်ခဲ့သည်။

comments

error: Content is protected !!