ရှက်တာဒိုးနက်နှင့် ချန်ပီယံလိဂ်ပွဲစဉ်အား ရာမို့စ်၊ မာဆယ်လိုတို့ လွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
ချန်ပီယံလိဂ်ပွဲစဉ်ကို ဒဏ်ရာကြောင့်လွဲချော်မည့် မာဆယ်လို

ရီးရဲလ်အသင်း၏ အဓိကနောက်ခံလူများဖြစ်သည့် ရာမို့စ်နှင့် မာဆယ်လိုတို့သည် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည့်အတွက် ရှက်တာဒိုးနက်နှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အား လွဲချော်မည်ဖြစ်ကြောင်း ရီးရဲလ်ကအတည်ပြုခဲ့သည်။

နောက်ခံလူမာဆယ်လိုသည် ဘာစီလိုနာအားအရေးနိမ့်ခဲ့သည့် လာလီဂါပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ် ၃ ပတ်ခန့်အထိ အနားယူရဖွယ်ရှိနေပြီး ရာမို့စ်မှာမူ ပခုံးဒဏ်ရာ မသက်သာသေးသည့်အတွက် အနားယူရန် လိုအပ်နေခြင်းကြောင့် ချန်ပီယံလိဂ်လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

ချန်ပီယံလိဂ်အုပ်စုအဆင့်တက်ရောက်ခွင့် အဆုံးအဖြတ်ပွဲစဉ်ဖြစ်လာမည့်  ရှက်တာဒိုးနက်နှင့်ပွဲစဉ်အတွက် ထုတ်ပြန်ခဲ့သည့် ရီးရဲလ်လူစာရင်းတွင် ကြံ့ခိုင်မှုမပြည့်ဝသည့် အာဘီလိုအာမှာလည်း ချန်လှပ်ခြင်းခံခဲ့ရပြီး ယင်းကစားသမားများနေရာတွင်  ဒန်နီလို၊ ရူဘင်ယာနက်ဇ်၊ နာချိုတို့အား အစားထိုးရွေးချယ်ခဲ့သည်။

လက်ရှိအချိန်တွင် ရှုံးပွဲမရှိသေးသည် ရီးရဲလ်အသင်းမှာ ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားအား ဦးဆောင်လျက်ရှိပြီး ရှက်တာဒိုးနက်အား အနိုင်ရရှိခဲ့ပါက ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

comments

error: Content is protected !!