ယူနန်​ဖိတ်​​ခေါ်ပြိုင်​ပွဲ ကွာတားအဆင့်​သို့ ဟံသာဝတီအသင်း တက်​​ရောက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တရုတ်ကလပ် Lijiang နှင့် ဟံသာဝတီတို့ ယှဉ်ပြိုင်နေစဉ်

နိုဝင်​ဘာ ၂၄။
အောင်သော်ဖြိုး။

ယူနန်​-အာဆီယံ ဖိတ်​​ခေါ်ဖလားပြိုင်​ပွဲသို့ မြန်​မာနိုင်​ငံကိုယ်​စားပြု သွား​ရောက်​ယှဉ်​ပြိုင်​​နေသည့်​ ဟံသာဝတီအသင်းသည်​ အုပ်​စု​နောက်​ဆုံးပွဲစဉ်​အဖြစ်​ Lijiang အသင်းနှင့်​ နိုဝင်​ဘာလ၂၄ရက်​ ​နေ့က ယှဉ်​ပြိုင်​ခဲ့ပြီး  ​ဂိုးမရှိသ​ရေရလဒ်​ ထွက်​​ပေါ်ခဲ့၍ ကွာတားဖိုင်​နယ်​အဆင့်​သို့​ တက်​​ရောက်​ခဲ့သည်​။

ဟံသာဝတီ အသင်းသည်​ ဘင်္ဂလား​ဒေ့ရှ်​ ညွန့်ပေါင်းအသင်းကို ၃-၂ ဖြင့်​ အနိုင်​ရပြီး ​တရုတ်​ကလပ်​ ဟို​ဘေးအသင်းကို  ၁-၀ ဖြင့်​ ရှုံးနိမ့်​ကာ၊ လက်​ရှိချန်​ပီယံ Lijiang အသင်းကို သ​ရေ ကစားနိုင်​ခဲ့သည့်​အတွက်​ ရမှတ်​ ၄မှတ်​ဖြင့်​ ​ကွာတားဖိုင်​နယ်​ သို့တက်​​ရောက်​ခဲ့ခြင်းဖြစ်​သည်​။

ယူနန်​ဖိတ်ခေါ်​ဘောလုံးပြိုင်​ပွဲကို အုပ်​စု ၂ ခုခွဲကာ ယှဉ်​ပြိုင်​ခဲ့ပြီး အုပ်​စုတစ်ခုဆီမှ ထိပ်​ဆုံး ၃ သင်း ​စုစုပေါင်း ၆ သင်း ကွာတားဖိုင်နယ်သို့ တက်​​ရောက်​ပြီး တရုတ်​ပြည်​တွင်းကလပ်​များယှဉ်​ပြိုင်​သည့်​ ပြိုင်​ပွဲမှ ပထမနှင့်​ ဒုတိယရရှိသည့်​ အသင်း ၂ သင်း ​ပေါင်းကာ ကွာတားဖိုင်​နယ်​အဆင့် ဆက်​လက်​ယှဉ်​ပြိုင်​မည်​ဖြစ်​သည်​။

comments

error: Content is protected !!