တံကောက်ကြောဒဏ်ရာကြောင့် ကော်တင်ညို ယူရိုပါလိဂ်ပွဲ လွဲချော်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်စီးတီးနှင့်ပွဲတွင် ဒဏ်ရာကြောင့် လူစားလဲလိုက်ရသည့် ကော်တင်ညို

လီဗာပူးတောင်ပံကစားသမားကော်တင်ညိုသည် မန်စီးတီးနှင့်ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသေးစားတံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ဘော်ဒိုးနှင့်ကစားမည့်ပွဲကို လွဲချော်နိုင်ကြောင်း သိရသည်။

မန်စီးတီးနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပွဲချိန် ၆၈ မိနစ်၌ အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညက ဆေးစစ်မှုပြုလုပ်ရာတွင် ဒဏ်ရာပြင်းထန်မှုမရှိသောကြောင့် တနင်္ဂနွေနေ့တွင်ယှဉ်ပြိုင်မည့် ဆွမ်ဆီးနှင့်ပွဲ၌ ပြန်လည်ပါဝင်နိုင်ကြောင်း သိရသည်။

အဆိုပါဘရာဇီးကွင်းလယ်လူသည် ယခုရက်ပိုင်းတွင် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် စွမ်းဆောင်နိုင်မည်ဆိုပါက လာမည့်သောကြာနေ့မတိုင်မီ ပွဲထွက်ခွင့်နှင့်ပတ်သက်၍ လီဗာပူးမှ ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကော်တင်ညိုမှာ လီဗာပူးအသင်းအတွက် ခြေစွမ်းပြနေသည့် အဓိကကစားသမားဖြစ်နေပြီး နောက်ဆုံးကစားခဲ့သော ၃ ပွဲတွင် ၄ ဂိုးသွင်းယူပေးထားသည်။

comments

error: Content is protected !!