ဒူးဒဏ်ရာကြောင့် အာဆင်နယ်ကွင်းလယ်လူ ကိုကွီလင် ၃ လနားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဝက်စ်ဘရွန်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ကိုကွီလင်

အာဆင်နယ်ကွင်းလယ်လူကိုကွီလင်မှာ ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ တွင် ၀က်စ်ဘရွန်းကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သောပွဲ၌ ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ၃ လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ကိုကွီလင်၏ ဒဏ်ရာပြဿနာနှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ကျွန်တော်တို့အသင်းမှာ ကိုကွီလင်ရဲ့နေရာကို အစားထိုးနိုင်တဲ့ ဖလာမီနီလိုကစားသမားတွေ ရှိပါတယ်။ ပြီးတော့ ချမ်ဘားကလည်း သူ့နေရာမှာ ကစားပေးနိုင်တဲ့သူပါ။ တစ်ခါတလေမှာ ဒီလိုအဖြစ်အပျက်က တခြားကစားသမားတွေအတွက် အခွင့်အရေးဖြစ်စေပါတယ်” ဟုပြောကြားခဲ့သည်။

ယခုအာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရပြီး ကွင်းလယ်ကစားသမားများဖြစ်သော ချိန်ဘာလင်၊ အာတီတာ၊ ၀ီလ်ရှိုင်းယားနှင့်အတူ တိုက်စစ်မှူးများဖြစ်သည့် ၀ဲလ်ကော့၊ ၀ဲလ်ဘတ်တို့မှာ ဒိုင်နမိုဇာဂရက်နှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

comments

error: Content is protected !!