ရီးရဲလ်နည်းပြအဖြစ် တာဝန်ယူရန် အသင့်မဖြစ်သေးဟု ဇီဒန်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အသင်းကြီးနည်းပြတာဝန်ယူရန် အသင့်မဖြစ်သေးဟုဆိုလိုက်သည့် ဇီဒန်း

ဘာစီလိုနာအသင်းအား အရေးနိမ့်ခဲ့ပြီးနောက် လက်ရှိရီးရဲလ်နည်းပြဘင်နီတက်ဇ်အား ရာထူးမှထုတ်ပယ်ရန်နီးစပ်နေပြီဟု သတင်းများထွက်ပေါ်လာသော်လည်း  ရီးရဲလ်လူငယ်အသင်းနည်းပြ ဇီဒန်းက ရီးရဲလ်နည်းပြအဖြစ် ဘင်နီတက်ဇ်သာ အထိုက်တန်ဆုံးဖြစ်ကြောင်း၊ မိမိမှာ အသင်းကြီးနည်းပြတာဝန်ယူရန် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

ရီးရဲလ်နည်းပြဘင်နီတက်ဇ်သည် လာလီဂါပွဲစဉ် ၁၂ တွင် ဘာစီလိုနာကို အိမ်ကွင်းတွင် ၀-၄ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်အတွက် ရမှတ် ၆ မှတ်အထိ ကွာဟသွားခဲ့ခြင်းကြောင့် ပရိသတ်များ၏ ဝေဖန်မှုများခံနေရကာ ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

“လက်ရှိအချိန်အထိ လူငယ်အသင်းနည်းပြတစ်ယောက်အဖြစ် ရပ်တည်နေဆဲပါ။ ထိပ်သီးအသင်းကြီးတစ်သင်းကို တာဝန်ယူကိုင်တွယ်ဖို့အတွက် အတွေ့အကြုံပိုင်းလိုအပ်နေသေးသလို အသင့်မဖြစ်သေးပါဘူး။ လူငယ်ကစားသမားတွေနဲ့အတူ ဖိအားကင်းတဲ့ နည်းပြဘ၀မှာ ပျော်ရွှင်နေပါတယ်” ဟု ဇီဒန်းက ဆိုခဲ့သည်။

ရီးရဲလ်နည်းပြသစ် ဘင်နီတက်ဇ်သည် ယခုနှစ်ဘောလုံးရာသီ လာလီဂါပွဲစဉ် ၁၂ အပြီးတွင် ရှုံးပွဲ ၂ ပွဲအထိ ရှိနေသည့်အပြင် နိုင်ပွဲ၇ ပွဲသာရရှိထားခြင်းကြောင့် အမှတ်ပေးဇယားထိပ်ပိုင်းအသင်းများဖြစ်သည့် ဘာစီလိုနာ၊ အက်သလက်တီကိုတို့နှင့် အမှတ်ကွာဟမှု မြင့်မားနေ၍ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

comments

error: Content is protected !!