ဝက်စ်ဘရွန်းနှင့်ပွဲခြေစွမ်းမှာ စိတ်ပျက်စရာကောင်းသည်ဟု အာစင်ဝင်းဂါးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နောက်ဆုံးပွဲခြေစွမ်းကို ဝေဖန်လိုက်သည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ၀က်စ်ဘရွန်းကို ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့်ပွဲမှ အသင်းကစားပုံမှာ စိတ်ပျက်စရာကောင်းသည်ဟု ပြောကြားလိုက်သည်။

အဆိုပါပွဲတွင် ကွင်းလယ်လူကိုကွီလင်ဒဏ်ရာရခဲ့သဖြင့် အာတီတာနှင့်လူစားလဲခဲ့ရပြီး အဆိုပါကစားသမားက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ကာ ကာဇိုလာသည်လည်း ပွဲချိန်နှောင်းပိုင်းတွင်ရရှိသည့် ပင်နယ်တီကန်ခွင့်လွဲချော်ခဲ့သောကြောင့် ပွဲပြီးအရှုံးရလဒ်နှင့်ကြုံတွေ့ခဲ့ရသည်။

ဝက်စ်ဘရွန်းနှင့်ပွဲတွင် ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့သော ကိုကွီလင်မှာ ကာလရှည်အနားယူရမည်ဖြစ်ပြီး လူစားဝင်ကွင်းလယ်လူ အာတီတာသည်လည်း ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လက်ရှိအာဆင်နယ်အသင်းတွင် ဒဏ်ရာရကစားသမားများပြားနေသောကြောင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဒိုင်နမိုဇာရက်နှင့်ပွဲ၌ နိုင်ပွဲလိုအပ်နေသည့် နည်းပြအာစင်ဝင်းဂါးအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။

comments

error: Content is protected !!