ထိပ်ဆုံး ၄ သင်းဝင်ရန်နှင့်ပတ်သက်၍ ပြောကြားရန် ကလော့ပ်ငြင်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်စီးတီးကိုအနိုင်ပြီးနောက်တွေ့ရသည့် ယာဂင်ကလော့ပ်

လီဗာပူးနည်းပြယာဂင်ကလော့ပ်က ပရီးမီးယားလိဂ်ဘောလုံးရာသီကုန်ဆုံးချိန်တွင် လီဗာပူးအသင်းမှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်နိုင်ရန် ရှိ၊ မရှိနှင့်ပတ်သက်၍ ပြောကြားရန်ငြင်းဆိုသွားခဲ့ကြောင်း သိရသည်။

လီဗာပူးသည် ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း၌အရေးနိမ့်ပြီးနောက် ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ တွင်မန်စီးတီးအိမ်ကွင်းအီတီဟတ်၌ ၄-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

မန်စီးတီးအိမ်ကွင်းတွင် ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် လီဗာပူးအသင်းမှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများထွက်ပေါ်ခဲ့သော်လည်း နည်းပြကလော့ပ်က ပြောကြားရန်ငြင်းဆိုခဲ့သည်။

လီဗာပူးနည်းပြကလော့ပ်က ”ကျွန်တော်တို့ ဒါတွေကိုစဉ်းစားနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေက ခက်ခဲမှုတွေနဲ့ပြည့်နှက်နေတယ်။ ဒါပေမဲ့ မန်စီးတီးနဲ့ပွဲမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!