လီဗာပူးနှင့်ပွဲတွင် အဆင်သင့်မဖြစ်ခဲ့ကြောင်း ဆက်ဂ်ညာဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးဘက်မှ ဂိုးသွင်းယူပြီးနောက် စိတ်ပျက်နေသည့် ဆက်ဂ်ညာ

မန်စီးတီးခံစစ်မှူးဆက်ဂ်ညာက လီဗာပူးကို ၄-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့်ပွဲတွင် ပါဝင်ကစားခဲ့သော်လည်း ၎င်း၏ခြေစွမ်းမှာ အဆင်သင့်မဖြစ်ခဲ့ဟု ဖွင့်ဟခဲ့သည်။

ဆက်ဂ်ညာသည် ပဲရစ်မြို့အကြမ်းဖက်တိုက်ခိုက်ခံရသည့်နေ့တွင် ဂျာမနီနှင့်ယှဉ်ပြိုင်သော ခြေစမ်းပွဲ၌ ပြင်သစ်အတွက်ပါဝင်ကစားခဲ့ပြီးနောက် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် ကြိုးပမ်းခဲ့သော်လည်း လီဗာပူးနှင့်ပွဲတွင် အဆင်သင့်မဖြစ်ခဲ့သဖြင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ရသည်။

လီဗာပူးပွဲနှင့်ပတ်သက်၍ ဆက်ဂ်ညာက ”အဲဒီအဖြစ်ပျက်က တကယ့်ကိုခက်ခဲတဲ့အခြေအနေပါ။ ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အဆင်သင့်ဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့ပါတယ်” ဟု ဖွင့်ဟခဲ့သည်။

အဆိုပါပွဲတွင် လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းနှင့်ပတ်သက်၍ အသင်းအပေါ်အပြစ်မတင်လိုကြောင်းနှင့် မိမိ၏အမှားများကြောင့် ဂိုးပေးခဲ့ရခြင်းဖြစ်သည်ဟု ဆက်ဂ်ညာက ပြောကြားခဲ့သည်။

comments

error: Content is protected !!