ပီအက်စ်ဂျီအသင်းသို့ ရော်နယ်ဒိုပြောင်းရွှေ့မည်မဟုတ်ဟု အေးဂျင့်ဖြစ်သူဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရော်နယ်ဒိုနှင့်အတူတွေ့ရသည့် ဂျော့မန်ဒက်စ်

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသူ ပေါ်တူဂီလူမျိုးထိပ်တန်းအေးဂျင့် ဂျော့မန်ဒက်စ်က ရော်နယ်ဒိုမှာ ရီးရဲလ်တွင်သာ ကစားသမားဘ၀ ကုန်ဆုံးလိုနေသည်ကို ထပ်မံပြောကြားလိုကြောင်း၊ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဆိုသောသတင်းများမှာ လုံးဝမဖြစ်နိုင်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

အသက် ၃၀ အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုသည် ယခုနှစ်ရာသီကုန်တွင် အသင်းမှထွက်ခွာရန်ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းအား စိတ်ဝင်စားနေသည့်အသင်းများတွင် အသင်းဟောင်းမန်ယူအသင်းအပါအ၀င် ပရီးမီးယားချန်ပီယံ ချဲလ်ဆီး၊ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီတို့ ပါဝင်လာခဲ့သည်။

“ပီအက်စ်ဂျီကစားသမားဖြစ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဖော်ပြနေတဲ့သတင်းတွေကလည်း ရီးရဲလ်ရလဒ်ကျဆင်းတာနဲ့ အချိန်ကိုက်ထွက်ပေါ်လာတဲ့သတင်းတွေပါ။ ရော်နယ်ဒိုအနေနဲ့ ကစားသမားဘ၀နောက်ဆုံးအချိန်ကို ရီးရဲလ်အသင်းမှာအဆုံးသတ်ဖို့ ဆန္ဒရှိနေသူဆိုတာ ထပ်မံပြောကြားလိုပါတယ် ” ဟု အေးဂျင့် ဂျော့စ်မန်းဒက်စ်က ဆိုခဲ့သည်။

comments

error: Content is protected !!