ဇယားထိပ်ပိုင်းမှအသင်းတိုင်း ချန်ပီယံဆုမျှော်လင့်ခွင့်ရှိနေဆဲဟု အင်တာမီလန်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် မန်စီနီ

တန်းတက် ဖရိုစီနိုနီအသင်းအား အိမ်ကွင်းတွင် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် အင်တာမီလန်နည်းပြ မန်စီနီက အမှတ်ပေးဇယားအား ပြန်လည်ဦးဆောင်ခွင့်ရရှိခဲ့သော်လည်း ချန်ပီယံအသင်းအဖြစ် သတ်မှတ်ရန် မဖြစ်နိုင်သေးကြောင်း၊ အမှတ်ပေးဇယားထိပ်ပိုင်း၌ ရပ်တည်နေသည့် အသင်းတိုင်း ချန်ပီယံဆုမျှော်လင့်ခွင့် ရှိနေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။

ရာသီအစပွဲစဉ်များတွင် ၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားအား ဦးဆောင်နိုင်ခဲ့သည့် အင်တာမီလန်အသင်းသည် ပွဲစဉ် ၆ တွင် ဖီအိုရင်တီးနားအသင်းကို အရေးနိမ့်ခဲ့ခြင်းကြောင့် ဦးဆောင်သူနေရာမှ ဆင်းပေးခဲ့ရပြီး  ပွဲစဉ် ၁၃ တွင် နိုင်ပွဲရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားအား ပြန်လည်ဦးဆောင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

”အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ခွင့်ရခဲ့တယ်ဆိုပေမယ့် ချန်ပီယံလောင်းအသင်းအဖြစ် သတ်မှတ်လို့မရသေးပါဘူး။ အထူးသဖြင့် အင်တာမီလန်အနေနဲ့ ရေပန်းအစားဆုံးအသင်းအဖြစ် နာပိုလီ၊ ရိုးမား၊ ဖီအိုရင်တီးနား၊ ဂျူဗင်တပ်အသင်းတို့နောက်မှာပဲ ရှိနေပါသေးတယ်။ အမှတ်ပေးဇယားထိပ်ပိုင်းအသင်းတိုင်း ချန်ပီယံဆုမျှော်လင့်နိုင်သလိုနာပိုလီနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကလည်း ချန်ပီယံလုပွဲဖြစ်လာမှာမဟုတ်ပါဘူး ” ဟု နည်းပြမန်စီနီက ဆိုခဲ့သည်။

စီးရီးအေပွဲစဉ် ၁၃ အပြီး အမှတ်ပေးဇယားထိပ်ပိုင်းတွင် ဦးဆောင်နိုင်ခဲ့သည့် အင်တာမီလန်အသင်းသည် လာမည့် ပွဲစဉ် ၁၄ တွင် အဆင့် ၂ နေရာ၌ ရပ်တည်နေသည့် နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

comments

error: Content is protected !!