ဒဏ်ရာရကစားသမားများပြားနေမှုကို ဗန်ဟားလ်ညည်းတွား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဝက်ဖို့ဒ်နှင့်ပွဲတွင် ဒဏ်ရာရသွားသည့် ဟာရဲရား

မန်ယူနည်းပြဗန်ဟားလ်က ဒဏ်ရာရကစားသမားစာရင်းတွင် ဖီးလ်ဂျုံးစ်နှင့် ဟာရဲရားတို့ ထပ်မံပါဝင်လာသည့်အတွက် အသင်း၏ဒဏ်ရာပြဿနာအပေါ် ဖွင့်ဟညည်းတွားလိုက်သည်။

ထိုကစားသမား ၂ ဦးမှာ ၀က်ဖို့ဒ်နှင့်ကစားခဲ့သောပွဲတွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ဖီးလ်ဂျုံးစ်မှာ ခြေကျင်းဝတ်လည်သွားကာ ဟာရဲရားမှာ တံကောက်ကြောဒဏ်ရာရခဲ့သဖြင့် ပီအက်စ်ဗီနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်သည်။

“ဒဏ်ရာရကစားသမားတွေများနေလို့ ကျွန်တော်တို့အတွက် အကျပ်ရိုက်တဲ့ကာလပါပဲ။ ရွန်နီကလည်း ဖျားနေတယ်။ မာရှယ်က ခြေထောက်ဒဏ်ရာရထားတယ်။ မီဒီယာတွေမှာ ဖော်ပြသလောက်မဆိုးပေမယ့် စောင့်ကြည့်ရပါဦးမယ်”ဟု ဗန်ဟားလ်က ဖွင့်ဟခဲ့သည်။

လက်ရှိအချိန်တွင် မန်ယူကစားသမားစာရင်းမှ ၉ ဦးမှာ ဒဏ်ရာပြဿနာနှင့်ရင်ဆိုင်နေရသဖြင့် ယခုကြားရက်တွင် အိမ်ကွင်း၌ ပီအက်စ်ဗီနှင့်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် လူရွေးချယ်ရန် ဗန်ဟားလ်အား အခက်တွေ့နေစေသည်။

comments

error: Content is protected !!