တွမ်ခရုစ်ကိုခေါ်မှသာ ဖလားရနိုင်မည်ဟု မော်ရင်ညိုဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဖလားရရေးအား Mission Impossible နှင့် နှိုင်းယှဉ်လိုက်သည့် မော်ရင်ညို

ချဲလ်ဆီးနည်းပြ မော်ရင်ညိုက ယခုရာသီတွင် ပရီးမီယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ အတွင်းဝင်ရန်မှာ ဖြစ်နိုင်သော်လည်း ချန်ပီယံဘွဲ့ဆက်လက်ထိန်းသိမ်းရန်မှာမူ တွမ်ခရုစ်ကိုခေါ်မှသာ ဖြစ်လိမ့်မည်ဟု ပြောကြားလိုက်သည်။

ချဲလ်ဆီးမှာ ယမန်နေ့ညက ကစားခဲ့သည့်ပွဲတွင် နောဝစ်ခ်ျကို တစ်ဂိုးတည်းဖြင့် အနိုင်ယူပြီး ပရီးမီယားလိဂ်နောက်ဆုံး ၄ ပွဲတွင် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့သော်လည်း အမှတ်ပေးဇယား အဆင့် ၁၅ တွင်သာ ရပ်တည်နေသည်။

“အဆင့် ၄ အတွင်းဝင်ဖို့က မဖြစ်နိုင်စရာမရှိပါဘူး။ ဖလားရမလားလို့ မေးရင်တော့ အဲဒါက Mission Impossibe ပဲလို့ ပြောရလိမ့်မယ်။ တွမ်ခရုစ်ကိုခေါ်ရင်တော့ ရရင်ရလိမ့်မယ်။ ဒါပေမဲ့ မသေချာဘူး”ဟု မော်ရင်ညိုက ပြောကြားခဲ့သည်။

comments

error: Content is protected !!