လာအိုအသင်းကို အနိုင်ကစားသွားမည်ဟု ရန်​ကုန်​ယူနိုက်တက်နည်းပြချုပ်ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
yufcvslaoweb
ရန်ကုန်ယူနိုက်တက်နည်းပြချုပ်အီမာဆန်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားနေစဉ်။

နိုဝင်​ဘာ ၂၁။
အောင်သော်ဖြိုး။

တိုယိုတာမဲ​ခေါင်​ ပြိုင်​ပွဲ အဖွင့်​ပွဲစဉ်​အဖြစ်​ လာအိုကလပ် တိုယိုတာအသင်းနှင့်​ နိုဝင်​ဘာလ ၂၂ရက်​​ တနင်္ဂနွေနေ့တွင်​ ယှဉ်​ပြိုင်​ ကစားမည်​ဖြစ်​ပြီး အဆိုပါ ပွဲစဉ်​တွင်​ ဂိုးပြတ်​အနိုင်​ရ​ရေး ကြိုးပမ်းမည်​ဟုရန်​ကုန်​ယူနိုက်တက်နည်းပြချုပ်​ အီမာဆင်​က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ​ပြောကြားခဲ့သည်​။

“အနိုင်​ရ​အောင်​ကစားမှာပါ။ ဂိုးဘယ်လောက်နဲ့နိုင်​မယ်​ဆိုတာ​တော့ ​ပြောမပြတတ်​ပါဘူး။ ဂိုးပြတ်​အနိုင်​ရမှသာ ​နောက်​ကန်​မယ့်​အ​ဝေးကွင်းပွဲစဉ်​မှာ သက်​သက်​သာသာ ကစားရမှာပါ” ဟု၎င်း ကဆိုသည်။

ရန်​ကုန်​အသင်းအ​နေဖြင့်​ လာအိုတိုယိုတာအသင်း နှင့်​ ယှဉ်​ပြိုင်​ပြီးလျှင်​ဒုတိယပွဲစဉ်​အဖြစ်​ က​မ္ဘောဒီးယားကလပ် Boeung Ket Angkorအား အ​ဝေးကွင်းသွား​ရောက်​ယှဉ်​ပြိုင်​ရမည်​ ဖြစ်ကာ Boeung Ket Angkorအသင်းမှာ လာအိုတိုယိုတာအားအနိုင်ရထားသည့်အတွက်ကြောင့် အဖွင့်ပွဲစဉ်တွင်အနိုင်ရရန် လိုအပ်ကြောင်း နည်းပြအီမာဆန်ကပြောခဲ့ခြင်းဖြစ်သည်။

ရန်​ကုန်​ယူနိုက်တက်အသင်းသည်​ ယှဉ်​ပြိုင်​ရန်​ ခက်​ခဲသည့် အသင်းဖြစ်​ပြီးအ​​ကောင်းဆုံးယှဉ်​ပြိုင်​သွားမည်​ဟု လာအို တိုယိုတာအသင်း နည်းပြဖြစ်​သူက ဆိုသည်​။
လာအိုတိုယိုတာအသင်းမှာ ကမ္ဘာဒီးယားကလပ် Boeung Ket Angkorအသင်းအားရှုံးနိမ့်ထားသောကြောင့် နောက်တစ်ဆင့်တက်နိုင်ရန် ယခုရန်ကုန်ယူနိုက်တက်နှင့်ပွဲစဉ်မှာ
သရေကျရန်ပင်မရနိုင်သည့်အခြေအနေကြောင့် ခက်ခဲသည့်အခြေအနေဟု လာအိုတိုယိုတာအသင်းနည်းပြချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ရန်​ကုန်​အသင်းနှင့်​ လာအိုအသင်းတို့ ပွဲစဉ်​ကို နိုဝင်​ဘာ ၂၂ရက်​ ည​နေ၄နာရီတွင်​ စတင်​မည်​ဖြစ်​ပြီး ​​​ပွဲမစတင်​မည်​၂:၃၀ မိနစ်​မှစတင်​ကာ အဆို​တော်​များ၏ သီဆိုမှုများ၊​ဘောလုံးအလှပြ​ဆော့ကစားမှုများဖြင့်တင်ဆက်ပေးသွားမည်ဟုသိရသည်။
yufcvslaoweb1

comments

error: Content is protected !!