နိုင်ငံခြားသား​နည်းပြ မာဂျန်​ နှင့်​ ဧရာဝတီအသင်း လမ်းခွဲ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
marjanuseweb
နည်းပြမာဂျန်အား ဧရာဝတီယူနိုက်တက်အသင်း၏ ပွဲစဉ်တစ်ခုတွင်တွေ့ရစဉ်။

နိုဝင်​ဘာ ၂၁။
အောင်သော်ဖြိုး။

ဧရာဝတီအသင်းကို ၂၀၁၅ ​နေရှင်​နယ်​လိဂ်​ ပြိုင်​ပွဲတွင်​ ကိုင်​တွယ်​ခဲ့သည့်​ မက်​ဆီဒိုးနီးယား နည်းပြ မာဂျန်​နှင့်လမ်းခွဲခဲ့​ကြောင်း ဧရာဝတီအသင်း အုပ်​ချုပ်​သူဦးမျိုးဝင်းကဆိုသည်​။

မာဂျန်မှာ စာချုပ်​သက်တမ်းကျန်ရှိ​​နေ​သေး​သော်​လည်း လာမည့်ရာသီတွင်​ နည်းပြချုပ်​ အဖြစ်​ ဆက်​လက်​တာဝန်​ယူ​ခိုင်းမည်​မဟုတ်​​ကြောင်း ၎င်း က ဆိုသည်​။

၂၀၁၆ ​ဘောလုံးရာသီ ဘက်​ဂျက်​ အ​ခြေအ​နေအရ ဧရာဝတီအသင်းတွင်​ ပြည်​တွင်း နည်းပြဖြင့်​သာ ဝင်​​ရောက်​ ယှဉ်​ပြိုင်​မည်​ဖြစ်​ပြီး ယခုအချိန်​တွင်​ အသင်းအား လက်ရှိနည်းပြအဖွဲ့ဝင်​များတာဝန်​ယူ​နေပြီး ​နည်းပြချုပ်အဖြစ် ပြည်​တွင်းနည်းပြများထဲမှ ​ခေါ်ယူရန်​လည်းအစီအစဉ်​ရှိ​ကြောင်းသိရသည်​။

မက်​ဆီဒိုးနီးယား နည်းပြမာဂျန်​သည်​ ဧရာဝတီအသင်းကို ၂၀၁၅ ​ဘောလုံးရာသီတွင်​ ​​​​အောင်​ဆန်းဒိုင်းချန်​ပီယံ၊AFC ပြိုင်​ပွဲ ရှုံးထွက်​အဆင့်​ထိတက်​​ရောက်​နိုင်​ခဲ့ပြီး
နေရှင်​နယ်​လိဂ်​ အဆင့်​ ၄ ရရှိ​အောင်​ စွမ်း​ဆောင်​ပေးနိုင်​ခဲ့သည်​။

ဧရာဝတီအသင်းသည်​ နည်းပြချုပ်​ မာဂျန်​ အပါအဝင်​ လက်​​ရွေးစင်​ကစားသမားများဖြစ်​သည့်​ ထိုက်​ထိုက်​​အောင်​၊​ကျော်​မင်းဦး၊ ​နေလင်းထွန်း၊ ဟိန်းသီဟ​ဇော်​တို့နှင့်​ လမ်းခွဲခဲ့သည်။

comments

error: Content is protected !!