ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီနေးလ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုနှင့်အတူ ကျဉ်းမြောင်းသည့် ရလဒ်ဖြင့် မန်ယူအနိုင်ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useweb
မန်ယူအသင်းဒုတိယဂိုးရပြီး အောင်ပွဲခံနေစဉ်။

တိုက်စစ်ကစားသမားများဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည့် မန်ယူအသင်းသည် တိုက်စစ်တွင် ဒီပေးတစ်ဦးတည်းအထောင်ထားကာ လင်ဂတ်၊ မာတာတို့နှင့် အတူ ဟာရဲရားလ်၊ ရှနိုက်ဒါလင်၊ ရှဝိန်းစတိုင်ဂါ တို့ပွဲထွက်လာခဲ့ပြီး အိမ်ရှင်ဝက်ဖို့ဒ်အသင်းကမူ အမာခံကစားသမားများဖြစ်သည့် ဒီနေး၊ အိုင်ဟာလို၊ ကာပိုရီတို့ဖြင့် ပြန်လည်ရင်ဆိုင်ခဲ့သည်။

ပွဲချိန်အစောပိုင်းတွင် မန်ယူအသင်း၏ တိုက်စစ်ဆင်မှုများထိရောက်မှုရှိခဲ့ပြီး ၀က်ဖို့ဒ်နောက်ခံလူ နိုင်ယွန်၊ ဘရီတို့စ် တို့အကောင်းဆုံးခြေစွမ်းပြနိုင်မှုခဲ့ကြောင့် မန်ယူအသင်းဦးဆောင်ဂိုးရရှိခဲ့ရန် ရုန်းကန်ခဲ့ရသည်။ ၀က်ဖို့ဒ်တိုက်စစ်မှူး ဒီနေး၊ အိုင်ဟာလိုတိုက်စစ်တွဲအနေဖြင့် မန်ယူနောက်တန်းကစားသမားတွေ အလုပ်ရှုပ်စေခဲ့ သော်လည်း ပွဲချိန် ၁၁မိနစ်တွင် မန်ယူအသင်းမထင်မှတ်သည့် အနေအထားမှ ဦးဆောင်ဂိုးရရှိခဲ့သည်။

ကွင်းလယ်ကစားသမား ဟာရဲရားလ်ရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် ဒီပေးက မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ခြင်းကြောင့် ၀က်ဖို့ဒ်အသင်းအနေဖြင့် ၂၀၁၅ဇန်န၀ါရီ၂၄ရက်မှ ယနေ့အချိန်ထိ အိမ်ကွင်းပွဲများတွင် ပထမပိုင်း၌ဂိုးမပေးရသည့် စံချိန်ကျိုးပျက်ခဲ့ရသည်။ နောက်ပိုင်းပွဲချိန်များတွင် ၀က်ဖို့ဒ်အသင်း ကစားပုံကျဆင်းခဲ့ပြီး မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ၏ အမှားကနေတဆင့်
အိုင်ဟာလို အပိုင်ကန်သွင်းခွင့်တစ်ကြိမ်သာရရှိခဲ့ပြီး ပထမပိုင်း ပြီးဆုံးချိန်တွင် မန်ယူအသင်းက အနိုင်ရရှိနေခဲ့သည်။

ဒုတိယပိုင်းတွင်လည်း မန်ယူအသင်း၏ ကစားကွက်အောက်တွင် ၀က်ဖို့ဒ်အသင်းရုန်းကန်ခဲ့ရပြီး စမောလင်း၊ ရှနိုက်ဒါလင်း၊ ဒီဂီယာတို့အကောင်းဆုံးအနေအထားရှိနေခဲ့ခြင်းကြောင့် အိမ်ရှင်အသင်းချေပဂိုးနှင့် ဝေးနေခဲ့သည်။

1363777_WIDE_FULLSCREEN

ရှဝိန်းစတိုင်ဂျာကန်ချက်ကို ဒီနေး ဖျက်ထုတ်ရင်းကိုယ့်ဂိုးကိုသွင်းယူမိစဉ်။

ဒုတိယပိုင်းပွဲပြီးခါနီး အချိန်တွင် အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ၀က်ဖို့ဒ်တိုက်စစ်မှူး အိုင်ဟာလိုအပေါ် မန်ယူနောက်ခံလူ ရိုဟို ကစားပုံကြမ်းတမ်းခဲ့ခြင်းကြောင့် ပွဲချိန် ၈၇မိနစ်တွင်ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့သည်။ ယင်းပင်နယ်တီကို ၀က်ဖို့ဒ်တိုက်စစ်မှူး ဒီနေးက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၉၀+၁ တွင် မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ၏ ကန်သွင်းမှုအား ဒီနေးဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းယူမိခဲ့ခြင်းကြောင့်ပွဲအပြီးတွင် မန်ယူအသင်းအား ၁-၂ ဂိုးဖြင့် အရေးနိမ့်သွားခဲ့ရသည်။

comments

error: Content is protected !!