အယ်ကလက်စီကိုပွဲလုံခြုံရေးအတွက် စစ်သည် ၂၅၀၀ အရေးပေါ် အင်အားဖြည့်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
realvsbarcesecurity
ရီးရဲလ်မက်ဒရစ်၏ ကွင်းဘေးပတ်လည်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲအရာရှိများအားတွေ့ရစဉ်။

ရီးရဲလ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်မည့် အယ်ကလက်စီကို ပွဲစဉ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများမကြုံတွေ့ရန်နှင့် ပရိသတ်များလုံခြုံမှုရှိစေရန်အတွက် စစ်သည် ၂၅၀၀ အား အရေးပေါ်အင်အားဖြည့်တင်းခဲ့ကြောင်းစပိန်အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် AS.com ၏ ဖော်ပြချက်အရသိရသည်။

နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ပြင်သစ်နှင့်ဂျာမနီတို့ ယှဉ်ပြိုင်ခဲ့သည့် စတိတ်ဒီးဖရန့်ကွင်းတွင် အသေခံဗုံးခွဲမှုများနှင့် ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် ဥရောပထိပ်တန်းအမှတ်ပေးလိဂ်ပြိုင်ပွဲများတွင် ပွဲစဉ်များလုံခြုံရေးအတွက် ပိုမိုအလေးပေးဆောင်ရွက်လာကြောင်းသိရသည်။

အစောပိုင်းသတင်းများအရ မက်ဒရစ်မြို့အာဏာပိုင်များအနေဖြင့် လုံခြုံရေးအတွက်ရဲအရာရှိ ၁၂၀၀ နှင့် ပုဂ္ဂလိက လုံခြုံရေးအရာရှိများတာဝန်ပေးခဲ့ပြီး လက်ရှိအချိန်တွင်မူ စစ်သည် ၂၅၀၀ အထိ တိုးမြှင့်ချထားခဲ့ကာ ပရိသတ်များအနေဖြင့်လည်း ပွဲမတိုင်မီ ၂ နာရီအလိုကတည်းက ကွင်းအတွင်းဝင်ရောက်ရမည်ဖြစ်ကြောင်းလည်း ကြေညာမှုများပြုလုပ်ခဲ့သည်။

comments

error: Content is protected !!