ချန်ပီယံလိဂ်ပွဲစဉ်အတွက် နျူးကမ့်ကွင်းလုံခြုံရေး ၂ဆတိုးမြှင့်ထားကြောင်း ဘာစီလိုနာ သတင်းထုတ်ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
barcelonafcsecurity
ဘာစီလိုနာအသင်း၏ကွင်းတွင် လုံခြုံရေးအတွက် စောင့်ကြပ်မှုများပြုလုပ်နေစဉ်။

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းသည် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများရှိလာနိုင်သည့် အတွက် ဒေသခံရဲတပ်ဖွဲ့၏ အကူအညီဖြင့်ချန်ပီယံလိဂ်ပွဲစဉ်အတွက် နျူးကမ့်ကွင်းတွင် လုံခြုံရေးအင်အား၂ဆတိုးမြှင့်ထားသည့်အပြင်ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ ငှားရမ်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အစ္စလာမ်ဘာသာဝင်အများအပြားနေထိုင်ရာ ကာတာလန်ဒေသအခြေစိုက် ဘာစီလိုနာအသင်းအနေဖြင့်အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများရှိလာနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းများကြောင့် ကာတာလန်ဒေသအာဏာပိုင်များက လုံခြုံရေးအခြေအနေကိုတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ နည်းပြအန်းနရစ်က အကြမ်းဖက်မှုများနှင့်ပတ်သက်၍တစ်စုံတစ်ရာမှတ်ချက်မပြုလိုကြောင်း၊ အကြမ်းဖက်ခံရများအပေါ် ပူးပေါင်းဖြေရှင်းရမည်ဖြစ်သော်လည်း နည်းပြတစ်ယောက်အနေဖြင့် အသင်းရလဒ်ကောင်းရန်အတွက်သာ အာရုံစိုက်လိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

ကာတာလန်ဒေသတွင် အစ္စလာမ်ဘာသာဝင်များက ၇.၃ ရာခိုင်နှုန်းဖြင့် အများဆုံးရှိနေခဲ့သည့် အတွက် ယခုကဲ့သို့ လုံခြုံရေးအခြေအနေများမြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်းလည်း အတည်မပြုနိုင်သည့်သတင်းများက ဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!