တားမြစ်ဆေးသုံးစွဲခဲ့သည့် ဒိုင်နမိုဇာဂရက်ကွင်းလယ်ကစားသမားအား ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ZAGREB, CROATIA - JULY 28: Arijan Ademi of FC Dinamo Zagreb in action during the UEFA Champions League Third Qualifying Round 1st Leg match between FC Dinamo Zagreb and FC Molde at Maksimir stadium in Zagreb, Croatia on Tuesday, July 28, 2015. (Photo by Srdjan Stevanovic/Getty Images)
မိုလ်ဒီနှင့် ချန်ပီယံလိဂ်ပွဲတွင်အဒီမီအားတွေ့ရစဉ်။

ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများသည် တားမြစ်ဆေးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ကွင်းလယ်လူအဒီမီအား ၄နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသတင်းထုတ်ပြန်လိုက်သည်။

မက်ဆီဒိုးနီးယားလက်ရွေးစင်ကွင်းလယ်လူ အဒီမီသည် အာဆင်နယ်အသင်းအားအနိုင်ရရှိခဲ့သည့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် တားမြစ်ဆေးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အပြင်းထန်ဆုံးပွဲပယ်ပြစ်ဒဏ်အဖြစ် ၄နှစ်ပွဲပယ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

” တကယ်ကိုဆိုးရွားလွန်းတဲ့ အခိုက်အတံ့ဖြစ်လာပါပြီ။ တာဝန်ရှိသူတွေရဲ့ ပြစ်ဒဏ်အပေါ်လက်ခံနိုင်ဖို့အတွက်ပြင်ဆင်ရတော့မှာပါ ” ဟု အဒီမီက ဆိုခဲ့သည်။

ယင်းအခြေအနေတွင် ဒိုင်နမိုဇာဂရက်အသင်းပရိသတ်များက အဒီမီ၏ဖြစ်ရပ်အပေါ် စိတ်မကောင်းမိကြောင်း၊ အယူခံတင်သွင်းရန် ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့သည်။

ယူအီးအက်ဖ်အေ၏ ထုတ်ပြန်ချက်အရ အဒီမီအနေဖြင့် ၂၀၁၉ ခုနှစ်တွင်မှ ဘောလုံးပြန်ကစားခွင့်ရရှိမည်ဖြစ်ပြီး ဒိုင်နမိုဇာဂရက်အသင်း၏ ချန်ပီယံလိဂ်ပွဲရလဒ်များအပေါ် တစ်စုံတစ်ရာပြစ်ဒဏ်ချမှတ်မည်မဟုတ်ကြောင်း ပါရှိခဲ့သည်။

comments

error: Content is protected !!