လက်စတာ၌ ဗာဒီဆက်ရှိမည်ဆိုပါက ယူရိုကြယ်ပွင့်ဖြစ်လာနိုင်ကြောင်း နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယမန်နေ့က လေ့ကျင့်ခန်းဆင်းနေသည့် ဗာဒီ

လက်စတာနည်းပြရေနီယာရီက တိုက်စစ်မှူးဗာဒီသည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှမထွက်ခွာဘဲ ဆက်ရှိနေမည်ဆိုပါက ယူရို-၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံရနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုက်စစ်မှူးဗာဒီနှင့်ပတ်သက်၍ နည်းပြရေနီယာရီက ”လက်စတာဟာ စုဖွဲ့မှုကောင်းတဲ့အသင်းဆိုတာ သူသိပြီးသားပါ။ ဒီအချက်က သူ့အတွက်ကောင်းကျိုးဖြစ်စေပါတယ်။ တခြားသူတွေလည်း အသင်းမှာ ပုံမှန်ခြေစွမ်းပြနေတာတွေ့ရတယ်။ ဗာဒီနဲ့သူ့အေးဂျင့်ကလည်း ဒီမှာပျော်တယ်လို့ ပြောပါတယ်။ သူဒီမှာရှိနေတာဟာ အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲဝင်ဖို့ ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါတိုက်စစ်မှူးသည် ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစာရင်း၌ ထိပ်ဆုံးနေရာမှ ရပ်တည်နေပြီး နယူးကာဆယ်နှင့်ယှဉ်ပြိုင်မည့် ယခုတစ်ပတ်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်မည်ဆိုပါက မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း၏ ၁၀ ပွဲဆက်ဂိုးသွင်းယူနိုင်မှုစံချိန်နှင့် တူညီမည်ဖြစ်သည်။

comments

error: Content is protected !!