ပြင်သစ်အကြမ်းဖက်ခံရမှုအတွက် ပြုလုပ်ခဲ့သည့် ၀မ်းနည်းခြင်းအခမ်းအနားအပေါ် တူရကီပရိသတ်များလှောင်ပြောင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
တူရကီအသင်းသားများဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုနေစဉ်။

တူရကီအသင်းနှင့် ဂရိအသင်းတို့ ခြေစမ်းပွဲစဉ်တွင် ပြင်သစ်အကြမ်းဖက်ခံရမှုအတွက် ပြုလုပ်ခဲ့သည့် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်နေစဉ်အတွင်း ဆူညံသည့် အသံများဖြင့် အခမ်းအနားအပေါ် လှောင်ပြောင်မှု များပြုလုပ်ခဲ့သည်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှုအပေါ် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်အများစု မှ ၀မ်းနည်းခြင်းအခမ်းအနားပြုလုပ်ခဲ့သော်လည်း တူရကီနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ်တွင်မူအသိအမှတ်ပြုခြင်းမရှိသည့်အတွက် တူရကီ ပရိသတ်များက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“အစ္စလာမ်ဘာသာဝင်တိုင်း အကြမ်းဖက်သမားတွေမဟုတ်ပါဘူး။ အစွန်းရောက်ဝါဒဆိုတာ လူသားတိုင်းအတွက် မရှိသင့်တဲ့ ၀ါဒတစ်ခုပါ။ပင်သစ်နိုင်ငံမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုထက် တူရကီမှာဖြစ်ခဲ့တဲ့ ဗုံးခွဲမှုတွေကို ပိုပြီးသတိပြုသင့်ပါ တယ်” ဟု တူရကီပရိသတ်တစ်ဦးက ဆိုခဲ့သည်။

ယင်းကဲ့သို့ ပြုမူခဲ့သည့် တူရကီပရိသတ်များ၏ အပြုအမူအပေါ် တူရကီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများမှ ရှုံ့ချခဲ့ပြီး နည်းပြတီရင်ကမူ ပရိသတ်များအနေဖြင့် လေးစားမှုမရှိသည့် အပြုအမူတစ်ခု ကျူးလွန်ခဲ့ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

2E8A9AC100000578-3322708-Turkish_supporters_waved_flags_at_the_Basaksehir_Fatih_Terim_Sta-a-74_1447798703273

လှောင်ပြောင်မှုပြုနေသည့် တူရကီပရိသတ်များ။

comments

error: Content is protected !!