ချဲလ်ဆီးသို့ပြောင်းရွှေ့လိုကြောင်း တိုင်ဆီရာ ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Alex Teixeirauseweb
ချဲလ်ဆီးအသင်းအားပြောင်းရွှေ့လိုသည့်တိုင်ဆီရာအားတွေ့ရစဉ်။

ယူကရိန်းကလပ်ရှက်တာဒိုးနက် နောက်ချန်တိုက်စစ်မှူးတိုင်ဆီရာက လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့တွင်ချဲလ်ဆီးသို့ပြောင်းရွှေ့လိုကြောင်း ပြောကြားလိုက်သည်။

ချဲလ်ဆီးအသင်းမှာ အဆိုပါဘရာဇီးလူမျိုးကွင်းလယ်လူကိုခေါ်ယူရန် ပြင်ဆင်နေကြောင်းသိရပြီးရှက်တာဒိုးနက်ဘက်မှ ပေါင် သန်း ၃၀ ကျော်ရရှိမှသာ ထွက်ခွာခွင့်ပြုမည်ဟု ပြောကြားထားကြောင်းသတင်းဌာနများက ရေးသားခဲ့သည်။

လာမည့်အပြောင်းအရွှေ့နှင့်ပတ်သက်၍ တိုင်ဆီရာက ”ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ကျွန်တော်ကမ်းလှမ်းခံထားရတယ်။တကယ်လို့ ဇန်န၀ါရီမှာ အပြောင်းအရွှေ့ဖြစ်လာမယ်ဆိုရင် တကယ့်ကိုကျေနပ်စရာကောင်းမှာပါ” ပြောကြာခဲ့သည်။

အဆိုပါကွင်းလယ်လူသည် ယခုဘောလုံးရာသီတွင် ရှက်တာဒိုးနက်အတွက် ပွဲပေါင်း ၂၂ ပွဲကစားရာတွင်၂၁ ဂိုးသွင်းယူပေးထားသည်။

comments

error: Content is protected !!