ဝက်ဖို့ဒ်နှင့်ကစားမည့်ပွဲတွင် မာရှယ်နှင့်ရွန်နီ ပါဝင်နိုင်မည်မဟုတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အဖျားဝေဒနာကြောင့် ၀က်ဖို့ဒ်နှင့်ပွဲကိုလွဲချော်မည့် ရွန်နီ

ယခုတစ်ပတ်စနေနေ့တွင် ယှဉ်ပြိုင်ကစားမည့် ၀က်ဖို့ဒ်အိမ်ကွင်းပွဲစဉ်၌ မန်ယူတိုက်စစ်အတွဲဖြစ်သော မာရှယ်နှင့်ရွန်နီ ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြဗန်ဟားလ်က ပြောကြားလိုက်သည်။

အသက် ၁၉ နှစ်ရှိ ပြင်သစ်တောင်ပံကစားသမား မာရှယ်မှာ အင်္ဂလန်နှင့်ယှဉ်ပြိုင်ခဲ့သော ခြေစမ်းပွဲတွင် ဘယ်ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး တိုက်စစ်မှူးရွန်နီမှာ အဖျားဝေဒနာခံစားနေရသောကြောင့် ၀က်ဖို့ဒ်နှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

မန်ယူအဓိကစားသမားများဖြစ်သော ကာရစ်၊ ဖယ်လိုင်နီနှင့် ဗလင်စီယာတို့မှာ ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး အရန်တိုက်စစ်မှူးဂျိမ်းစ်ဝီလ်ဆန်သည်လည်း ပွဲချိန်ပြည့်ကစားနိုင်သည့်အခြေအနေမရှိသဖြင့် မာရှယ်၊ ရွန်နီတို့မပါဝင်နိုင်ခြင်းသည် နည်းပြဗန်ဟားလ်အတွက် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်လာခဲ့သည်။

comments

error: Content is protected !!