ဆာခိုနေရာတွင်ကစားမည့် လိုဗရန်မှာ ယုံကြည်ရသူဖြစ်ကြောင်း ကလော့ပ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူး၏လက်မှတ်ထိုးပွဲတစ်ခုတွင်တွေ့ရသည့် လိုဗရန်(၀ဲ)

လီဗာပူးနည်းပြကလော့ပ်က ယခုတစ်ပတ်တွင်ယှဉ်ပြိုင်ကစားမည့် မန်စီးတီးအသင်းနှင့်ပွဲ၌ ဒဏ်ရာရရှိနေသော ဗဟိုခံစစ်မှူးဆာခို၏ နေရာတွင် အစားထိုးကစားမည့် နောက်ခံလူလိုဗရန်မှာ ယုံကြည်ရသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်နောက်ခံလူဆာခိုသည် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ ပတ်မှ ၈ ပတ်အထိ အနားယူရမည်ဖြစ်သဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန်ကြိုးပမ်းနေသော လိုဗရန်အတွက် အခွင့်အရေးရရှိခဲ့ခြင်းဖြစ်သည်။

လိုဗရန်သည် မန်စီးတီးနှင့်ပွဲစဉ်မတိုင်မီ နိုင်ငံတကာခြေစမ်းပွဲတွင် လက်ရွေးစင်ခရိုအေးရှားအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် နည်းပြကလော့ပ်မှ ဆာခို၏နေရာတွင် အစားထိုးရန် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!