စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့သည့် ကိုစီရယ်နီနှင့် ဂီရော့ဒ်တို့ ပွဲထွက်ရန်မသေချာသေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြင်သစ်နိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရ၍ စိတ်ပိုင်းဆိုင်ရာထိခိုက်နေသည့် ကိုစီရယ်နီ

ပဲရစ်မြို့အကြမ်းဖက်တိုက်ခိုက်ခံရသည့်နေ့တွင် ပြင်သစ်-ဂျာမနီခြေစမ်းပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော နောက်ခံလူကိုစီရယ်နီနှင့် တိုက်စစ်မှူးဂီရော့ဒ်တို့သည် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရသဖြင့် ၀က်စ်ဘရွန်းနှင့်ကစားမည့် စနေညပွဲတွင် ပွဲထွက်ရန်သေချာမှုမရှိသေးကြောင်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

အဆိုပါပြင်သစ်လက်ရွေးစင်နောက်ခံလူ ကိုစီရယ်နီသည် အကြမ်းဖက်တိုက်ခံရသည့်နေ့နောက်ပိုင်း အင်္ဂလန်နှင့်ခြေစမ်းခဲ့သည့်ပွဲတွင် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့မှုကြောင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့သည်ဟု နည်းပြအာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

ကိုစီရယ်နီနှင့် ဂီရော့ဒ်တို့၏ အခြေအနေနှင့်ပတ်သက်၌ နည်းပြအာစင်ဝင်းဂါးက ”စိတ်ပိုင်းဆိုင်ရာထိခိုက်မှုက ၂ ရက် ၃ ရက်လောက် အိပ်ပျက်ညဖြစ်စေနိုင်တယ်။ အဲဒီလိုညတွေမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ လွတ်မြောက်ဖို့နဲ့ ဘာလုပ်ရမှန်းမသိတာတွေဖြစ်တတ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ စိတ်ထိခိုက်တာတွေကို လျှော့ချရမှာပါ။ ကိုစီရယ်နီဟာ ထူးချွန်တဲ့ခံစစ်မှူးတစ်ဦးဖြစ်ပေမယ့် ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ပွဲမှာ သူမဟုတ်သလိုပါပဲ။ ပုံမှန်အနေအထားပြန်ရောက်မှ ကျွန်တော်သူနဲ့စကားပြောသွားမှာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!