ပေါင်ဒဏ်ရာကြောင့် ရိုးမားတောင်ပံကစားသမား ဂါဗင်ဟို ၃ ပတ်နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာကြောင့် ၃ ပတ်နားရမည့် ဂါဗင်ဟို

ရိုးမားအသင်း၏ အိုင်ဗရီကို့စ်လက်ရွေးစင်တောင်ပံကစားသမား ဂါဗင်ဟိုသည် လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် လိုက်ဘေးရီးယားအသင်းနှင့် ပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ် ၃ ပတ်ခန့် အနားယူရတော့မည်ဖြစ်ကြောင်း အသင်းမှသတင်းထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ဒဏ်ရာရရှိခဲ့သည့် ဂါဗင်ဟိုသည် ရိုးမားအသင်း၏ အဓိကစီးရီးအေပွဲစဉ်အချို့လွဲချော်ရတော့မည့်အပြင် ဘာစီလိုနားနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကိုပါ လွဲချော်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဒဏ်ရာရကစားသမားများပြားနေခြင်းကြောင့် အခက်တွေ့နေသည့် နည်းပြဂါဆီယာက ဂါဗင်ဟို၏ဒဏ်ရာမှာ ပြင်းထန်မှုမရှိကြောင်း၊ ရက်သတ္တပတ် ၃ ပတ်ခန့်အနားယူရဖွယ်ရှိနေသည့်အတွက် အရေးပါသည့် ပွဲစဉ်တစ်ချို့လွဲချော်တော့မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

တောင်ပံကစားသမား ဂါဗင်ဟိုသည် ဘိုလော့ဂ်နာ၊ အတ္တလန္တာ၊ ဘိုလော့ဂ်နာတို့နှင့်ယှဉ်ပြိုင်ရမည့် စီးရီးအေပွဲစဉ်များအပြင် ဘာစီလိုနာ၊ ဘိုရီဆော့ဗ်တို့နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်များကိုပါ လွဲချော်ရတော့မည်ဖြစ်သည်။

comments

error: Content is protected !!