အသေခံဗုံးခွဲခံရမှုကြောင့်မိဘနှစ်ဦးဆုံးရှုံးခဲ့သည့် လက်ဘနွန်ကလေးငယ် စီရော်နယ်ဒိုနှင့် တွေ့ဆုံခွင့်ရဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usekiddsweb
မိဘနှစ်ဦးဆုံးရှုံးခဲ့သည့်ကလေးငယ်အားဆေးရုံတွင်တွေ့ရစဉ်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင်ယခုလ၁၇ရက်နေ့က ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှုတွင် မိဘနှစ်ဦးလုံး ဆုံးရှုံးခဲ့သည့် အသက် ၃နှစ် အရွယ်ရှိ ကလေးငယ်တစ်ဦးသည် စီရော်နယ်ဒိုနှင့် တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုခဲ့ရာ၌ ဒေသခံသတင်းထောက်တစ်ဦး၏ အကူအညီကြောင့် တွေ့ဆုံခွင့်ရရှိရန် နီးစပ်ခဲ့ပြီဖြစ်သည်။

ဟိုက်ဒရာမူစတာဖာအမည်ရ လက်ဘနွန်ကလေးသည် ရီးရဲလ်အသင်းပရိသတ်တစ်ဦးဖြစ်ပြီး ရာနာဟာဘီအမည်ရ လက်ဘနွန်သတင်းထောက်တစ်ဦး၏ လူမှုကွန်ရက်တွစ်တာမှတဆင့်အကူအညီတောင်းခဲ့ခြင်းကြောင့် အသင်း၏ တရားဝင်ဆက်သွယ်ခြင်းကို လက်ခံရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

လူပေါင်း ၄၀သေဆုံးခဲ့ပြီး ၂၀၀ကျော်ဒဏ်ရာရရှိခဲ့သည့် ဘေရွတ်မြို့အသေခံဗုံးခွဲမှုအတွင်း ဟိုက်ဒရာမူစတာဖာ၏ မိဘနှစ်ဦးလုံး ကွယ်လွန်ခဲ့ပြီး ကလေးငယ်မှာမျက်နှာတွင်မကဘဲပင်းထန်သည့် ဒဏ်ရာများရရှိခဲ့ပြီး အရေးပေါ်ကုသမှုများခံခဲ့ရသည်။

ရီးရဲလ်မက်ဒရစ်အားပေးသူများအဖွဲ့ (လက်ဘနွန်) ၏ သတင်းထုတ်ပြန်ချက်အရ ဟိုက်ဒရာမူစတာဖာအတွက် စပိန်နိုင်ငံမှ ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိခဲ့ကြောင်း၊
တာဝန်ရှိသူများအနေဖြင့် စီရော်နယ်ဒိုနှင့် ညှိနှိုင်းမှုများပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
usewebandap

comments

error: Content is protected !!