ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခဲ့သည့် ချဲလ်ဆီးဂိုးသမားကော်တိုရစ် လေ့ကျင့်ခန်းပြန်ဆင်းနိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebcou
ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းပြုလုပ်နေသည့် ကော်တိုရစ်။

ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ချဲလ်ဆီးအသင်း၏ ပွဲပေါင်း ၁၄ ပွဲလွဲချော်ခဲ့ရသည့် ဂိုးသမားကော်တိုရစ်သည်ယမန်နေ့က ပြုလုပ်ခဲ့သော လေ့ကျင့်ခန်းအစီအစဉ်၌ ပထမဦးဆုံးအကြိမ်ပြန်လည်ပါဝင်နိုင်ခဲ့ကြောင်းသိရသည်။

ဘယ်လ်ဂျီယံဂိုးသမားက ”ပြန်ကောင်းလာဖို့ ဒီနေ့မှာ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းနောက်တစ်ဆင့်တက်ခဲ့ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ရင်း သက်သာတယ်လို့ခံစားလာရတယ်။ နောက်တစ်ကြိမ်ပြန်မကစားခင် ကြံ့ခိုင်ဖို့ ပြင်းပြင်းထန်ထန်လေ့ကျင့်နေရတုန်းပါ။ ဒါပေမဲ့ ပြန်ကောင်းဖို့နီးစပ်နေပါပြီ” ဟုလူမှုကွန်ရက်တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

ဂိုးသမားကော်တိုရစ် ဒဏ်ရာရရှိနေချိန်တွင် ချဲလ်ဆီးအတွက် လက်စွမ်းပြခဲ့သော ဂိုးသမားဘီဂိုဗစ်သည်လည်းယခုတစ်ပတ်စနေနေ့တွင်ယှဉ်ပြိုင်မည့် နော်ဝစ်ခ်ျနှင့်အိမ်ကွင်းပွဲတွင် လက်စွမ်းပြနိုင်ရန်ပြင်ဆင်ထားကြောင်းသိရသည်။
usewebcou1

comments

error: Content is protected !!