အေစီမီလန်နှင့်ပွဲတွင် ဂျူဗင်တပ်ဂိုးသမား ဘူဖွန်နှင့် မန်ဇူကစ် တို့ လွဲချော်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အေစီမီလန်နှင်ပွဲကို လွဲချော်ဖွယ်ရှိနေသည့် ဘူဖွန်

စီးရီးအေချန်ပီယံ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်နှင့် တိုက်စစ်မှူး မန်ဇူကစ်တို့သည် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည့်အတွက် အေစီမီလန်နှင့်ယှဉ်ပြိုင်ရမည့် စီးရီးအေပွဲစဉ် ၁၃ အား လွဲချော်ဖွယ်ရှိနေကြောင်း နည်းပြအယ်လီဂရီက အတည်ပြုပြောကြားခဲ့သည်။

ဂိုးသမားဘူဖွန်သည် ရိုမေးနီးယားအသင်းနှင့် ၂-၂ သရေကျခဲ့သည့် အီတလီပွဲစဉ်တွင် ရရှိခဲ့သည့် ကြွက်သားဒဏ်ရာကြောင့် ပွဲထွက်ကစားရန်မသေချာသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး တိုက်စစ်မှူး မန်ဇူကစ်မှာမူ ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ရာ၌ တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းကြောင့် အနားယူနေရသည်။

“လစ်စတိန်နာ၊ ကာဆာရက်စ်၊ မန်ဇူကစ်တို့ အေစီမီလန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ မသေချာတော့ပါဘူး။ ဒါ့အပြင် ဂိုးသမားဘူဖွန်ရဲ့ အခြေအနေကလည်း စောင့်ကြည့်နေရဆဲအခြေအနေပါ။ အခြေအနေကို ဆက်လက်စစ်ဆေးနေဆဲဖြစ်လို့ အေစီမီလန်နဲ့ပွဲမှာ ဘူဖွန် ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး” ဟု နည်းပြ အယ်လီဂရီက ဆိုခဲ့သည်။

ရလဒ်ကောင်းများပြန်လည်ရရှိနေသည့် အေစီမီလန်နှင့် ဂျူဗင်တပ်တို့သည် ပွဲစဉ် ၁၂ အပြီး အဆင့် ၆၊ ၇ တွင် ရပ်တည်နေသည့်အတွက် အနိုင်ရသည့်အသင်းမှာ အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

comments

error: Content is protected !!