၂ ပတ်အတွင်း ပြန်ကစားနိုင်မည်ဟု ဘာလော့တယ်လီဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၂ ပတ်အတွင်း ပြန်ကစားနိုင်မည့် ဘာလော့တယ်လီ

ပေါင်ခြံဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် အေစီမီလန်တိုက်စစ်မှူးဘာလော့တယ်လီက ခွဲစိတ်မှုအောင်မြင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း၊ ရက်သတ္တပတ် ၂ ပတ်အတွင်း ပြန်လည်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဘာလော့တယ်လီသည် အဆိုပါပေါင်ခြံဒဏ်ရာကြောင့် အေစီမီလန်ပွဲစဉ်အချို့အား လွဲချော်ခဲ့ကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခွဲစိတ်ကုသမှုခံယူခဲ့ရခြင်းကြောင့် ၁ လခန့် အနားယူရဖွယ်ရှိနေကြောင်း အေစီမီလန်အသင်းတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

”တစ်လအထိ အနားယူဖို့ လိုအပ်မယ်မထင်ပါဘူး။ ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။  အထူးသဖြင့် ကာလရှည်အနားယူစရာမလိုပါဘူး။ အနည်းဆုံး၂ ပတ်အတွင်း အသင်းအတွက် ပြန်ကစားပေးနိုင်မှာပါ “ဟု ဘာလော့တယ်လီက ဆိုသည်။

comments

error: Content is protected !!