ဂါရတ်ဘေးလ်နှင့် နာဗက်စ်တို့ အယ်ကလက်စီကို ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင် ယမန်နေ့ကတွေ့ရသည့် ဂါရတ်ဘေးလ်

ရီးရဲလ်အသင်း၏ အဓိကပွဲထွက်ကစားသမားများဖြစ်သည့် တောင်ပံကစားသမား ဂါရတ်ဘေးလ်နှင့် ဂိုးသမား နာဗက်စ်တို့သည် ဒဏ်ရာပြဿနာများမှ ပြန်လည်သက်သာလာခဲ့ပြီး အသင်းနှင့်အတူ လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်နိုင်ပြီဖြစ်၍ ဘာစီလိုနာနှင့်ယှဉ်ပြိုင်ရမည့် အယ်ကလက်စီကို ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်သည်။

တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ယူရိုခြေစစ်ပွဲကစားခဲ့ရာတွင် တံကောက်ကြောဒဏ်ရာရခဲ့ပြီး ပြန်လည်သက်သာလာခဲ့သော်လည်း ရှက်တာဒိုးနက်နှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဒဏ်ရာထပ်မံရရှိခဲ့ခြင်းကြောင့် အနားယူခဲ့ရခြင်းဖြစ်ပြီး ဂိုးသမား နာဗက်စ်ကမူ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသူဖြစ်သည်။

တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူခဲ့ရသည့် ဂါရတ်ဘေးလ်က ”ဒဏ်ရာပြဿနာကို အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ အသင်းအတွက် ပြန်ကစားပေးဖို့ အသင့်ဖြစ်နေသလို ဘာစီလိုနာနဲ့ပွဲမှာ အနိုင်ကစားပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ချင်ပါတယ် ” ဟု ဖွင့်ဟခဲ့သည်။

ရီးရဲလ်နည်းပြဘင်နီတက်ဇ်သည် ဒဏ်ရာပြဿနာများရှိနေသည့် ရာမို့စ်၊ ပီပီတို့အား ဆုံးရှုံးရဖွယ်ရှိနေသော်လည်း ဂိုးသမားနာဗက်စ်၊ တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့အား ဘာစီလိုနာနှင့်ပွဲစဉ်တွင် ပြန်လည်အသုံးပြုနိုင်တော့မည်ဖြစ်သည်။

comments

error: Content is protected !!