ပွဲထွက်ရန် အဆင်သင့်ဖြစ်နေကြောင်း စတာရစ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲထွက်ရန်အဆင်သင့်ဖြစ်နေပြီဟုဆိုလိုက်သည့် စတာရစ်

လီဗာပူးတိုက်စစ်မှူးစတာရစ်က ပြီးခဲ့သည့်လအနည်းငယ်တွင် ဒဏ်ရာကြောင့်အနားယူခဲ့ရပြီးနောက် ယခုအချိန်၌ လေ့ကျင်းခန်းပြန်ဆင်းနိုင်ပြီဖြစ်သဖြင့် ပွဲထွက်ကစားရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

အဆိုပါတိုက်စစ်မှူးက ”ကြံ့ခိုင်မှုပြည့်ဝလာလို့ ကျွန်တော့်ရဲ့ ပုံမှန်ခြေစွမ်းပြန်ရလာပါပြီ။ ဒါကြောင့်နည်းပြသစ်နဲ့အတူ ပွဲထွက်ဖို့အဆင်သင့်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရက်တွေကတည်းက ကျွန်တော်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တာပါ။ ကျွန်တော်လေ့ကျင့်တာကို နည်းပြလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ အခုအချိန်က လီဗာပူးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ပါ။ နည်းပြကလော့ပ်နဲ့အတူ အလုပ်တွဲလုပ်ရတာကျွန်တော်ပျော်ရွှင်ကျေနပ်တယ်။ သူဘာဖြစ်ချင်တယ်ဆိုတာကို နားလည်ထားဖို့က ကျွန်တော်တို့အားလုံးအတွက် အရေးကြီးတဲ့အချက်ပါပဲ” ဟုပြောကြားခဲ့သည်။

ဆက်စပ်အသင်းများအရ ဒေါ့မွန်တိုက်စစ်မှူးအူဘာမီယန်ကို ပေါင် ၄၂ သန်းပေးချေ၍ လီဗာပူးမှ ခေါ်ယူရန်ပြန်ဆင်နေကြောင်းသိရှိရပြီး အာဆင်နယ်ကလည်း ၎င်းအား ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟု သတင်းဌာနများက ရေးသားဖော်ပြခဲ့သည်။

comments

error: Content is protected !!