ဇန်န၀ါရီတွင် မန်ယူသို့ ရော်ဘင်ပြောင်းရန် သဘောတူခဲ့ဟု Daily Express ဖော်ပြ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူသို့ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်ပေါ်လာသည့် ရော်ဘင်

မန်ယူအသင်းသည် ဇန်န၀ါရီလတွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး အာဂျန်ရော်ဘင်အား ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဟု Daily Express သတင်းဌာနက ဖော်ပြခဲ့သည်။

ရော်ဘင်မှာ မန်ယူ၏စိတ်ဝင်စားမှုခံနေရပြီး ဘိုင်ယန်မြူးနစ်အသင်းဖော် လီဝမ်ဒေါစကီးနှင့် အဆင်မပြေဖြစ်နေသည်ဟုလည်း သိရှိရသည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်နေချိန်တွင် Daily Express သတင်းဌာနက ရော်ဘင်မှာ မန်ယူသို့ပြောင်းရွှေ့ရန် အပြီးသတ်သဘောတူခဲ့သည်ဟု ဖော်ပြလိုက်ခြင်းဖြစ်သည်။

ထိုသတင်းဌာန၏ဖော်ပြချက်အရ မန်ယူနည်းပြဗန်ဟားလ်မှာ အသင်းကိုထပ်မံအားဖြည့်လိုနေပြီး ထိုဆန္ဒအား ရော်ဘင်က ဖြည့်ဆည်းပေးနိုင်သဖြင့် ယခုကဲ့သို့ ခေါ်ယူလိုက်ခြင်းဖြစ်သည်ဟု ရေးသားခဲ့သည်။

ရော်ဘင်အတွက် အပြီးသတ်ပြောင်းရွှေ့ကြေးကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ယခုဖော်ပြခဲ့သော သတင်းအတိုင်း မှန်ကန်ခဲ့ပါက အသက် ၃၁ နှစ်အရွယ် ထိုကစားသမားအတွက် မန်ယူမှာ ပြောင်းရွှေ့ကြေးပမာဏများပြားစွာ ပေးချေရဖွယ်ရှိနေသည်။

comments

error: Content is protected !!