ဝမ်းနည်းခြင်းအထိမ်းအမှတ်ဂျာစီဝတ်ဆင်မည်ဖြစ်ကြောင်း ပီအက်စ်ဂျီ သတင်းထုတ်ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အထူးဂျာစီဝတ်ဆင်ကစားမည့် ပီအက်စ်ဂျီကစားသမားအချို့

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းသည် ပဲရစ်မြို့အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့သူများအတွက်  လိုရီးယန့်အသင်းနှင့်ယှဉ်ပြိုင်မည့် လီဂူးပွဲစဉ်တွင် အထိမ်းအမှတ်အခမ်းအနားပြုလုပ်ဖြစ်မည်ဖြစ်ပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အထူးဂျာစီဝတ်ဆင်ကစားမည်ဖြစ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ၁၂၉ဦး သေဆုံးခဲ့ပြီး ၃၀ ၀ကျော်ဒဏ်ရာရရှိခဲ့သည့်အတွက် ပြင်သစ်အစိုးရက ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၃ ရက်သတ်မှတ်ခဲ့ကာ ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် နိုင်ငံတကာအားကစားအဖွဲ့ချုပ်များမှလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ်များပြုလုပ်ပေးခဲ့သည်။

ပီအက်စ်ဂျီအသင်း၏ ထုတ်ပြန်ချက်တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အထူးဂျာစီဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း၊ အသင်းဂျာစီရင်ဘတ်တွင် ကျွန်ုပ်တို့သည့် ပဲရစ်ဖြစ်သည်ဟု အဓိပ္ပါယ်ရသည့် ” Je suis Paris ” စာသားအား ထည့်သွင်းသွားမည်ဟု ပါရှိသည်။

ယခုသီတင်းပတ်အစောပိုင်းက တစ်ပတ်အတွင်းယှဉ်ပြိုင်မည့် အားကစားပွဲစဉ်များအား အကန့်အသတ်မရှိရွှေ့ဆိုင်းကြောင်း ပြင်သစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သော်လည်း ပြင်သစ်လီဂူး-၁ နှင့် လီဂူး -၂ ပွဲစဉ်များအား ပုံမှန်သတ်မှတ်ထားသည့် ရက်များအတိုင်းကျင်းပစေမည်ဟု ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာခဲ့ခြင်းကြောင့်  ပီအက်စ်ဂျီအသင်းက ယခုကဲ့သို့ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!