အယ်ကလက်စီကို ပွဲစဉ်အား ကမ္ဘာ့အနှံ့မှ ပရိသတ် သန်း ၄၀၀ စောင့်ကြည့်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြီးခဲ့သည့်ရာသီ အယ်ကလက်စီကိုပွဲစဉ်မှ မြင်ကွင်းတစ်ခု

ရီးရဲလ်နှင့်ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အား တိုက်ရိုက်ထုတ်လွှင့်ပြသမည့် MediaPro ရုပ်သံကုမ္ပဏီဥက္ကဋ္ဌက အယ်ကလက်စီကိုပွဲစဉ်အား ကမ္ဘာ့အနှံ့ရှိ ပရိသတ် သန်း ၄၀၀ ခန့် စောင့်ကြည့်ဖွယ်ရှိနေကြောင်း၊ ပရိသတ်အခိုင်အမာရရှိထားသည့် ရပ်ဘီ၊ ပရီးမီးယားလိဂ်ပွဲစဉ်များထက် ပိုမိုများပြားသည့် ပမာဏဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၀ ခုနှစ်နောက်ပိုင်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည့် မက်ဒရစ်အခြေစိုက် ရီးရဲလ်နှင့် ကာတာလန်အခြေစိုက် ဘာစီလိုနာတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ကမ္ဘာ့ဘောလုံးပရိသတ်များအတွက် စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာကြောင်း စစ်တမ်းများထွက်ပေါ်လာခဲ့ပြီးနောက် ရုပ်သံကုမ္ပဏီဥက္ကဋ္ဌက ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် ပရိသတ်တချို့ဟာ နေအိမ်ကနေပဲ ဒီပွဲကိုစောင့်ကြည့်ချင်နေကြပါတယ်။ ပုံမှန်အရ ပရိသတ်စောင့်ကြည့်မှုအများဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက် ကွင်းတွင်းပရိသတ် ၈၀၀၀၀ လောက်အပြင် ရုပ်သံကနေစောင့်ကြည့်မယ့် ပရိသတ် သန်း ၄၀၀ လောက်အထိရှိလာနိုင်ပါတယ် ” ဟု ထိုရုပ်သံဥက္ကဋ္ဌက ဆိုသည်။

ယင်းကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ရှိနေခြင်းကြောင့် စပိန်အစိုးရတာဝန်ရှိသူများသည် အဆိုပါပွဲစဉ်အား လုံခြုံရေးအင်အား ၂ ဆ တိုးမြှင့်ရန်စီစဉ်လျက်ရှိနေပြီး ရဲအရာရှိ ၁၀၀၀ အပြင် ပုဂ္ဂလိကလုံခြုံရေး ၁၄၀၀ အထိ ကွင်းတွင်း ကွင်းပြင်တာဝန်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

comments

error: Content is protected !!